Sunday, October 5, 2014

ပုလိပ်ရုံးဝိုင်း


ပုလိပ်ရုံးဝိုင်း

ရန်ကုန်တွင် ပထမဆုံးအကြိမ် ပုလိပ်ရုံးကြီးကိုဝိုင်းပါသည်။ပီဒလျုတီ အလုပ်သမားများ သပိတ်မှောက်၍ ဒေါ်စောမြ ဦးဆောင်ပြီး ယခုဝန်ကြီးများရုံးကိုဝိုင်းကြလေသည်။ထိုစဉ်က ပြည်ထဲရေးဝန်ကြီးမှာ ဘကြီးဖေ ဖြစ်၍ ဒေါ်စောမြ ကိုလဲရိုက်၍ဖမ်း၊အလုပ်သမားများကိုလဲရိုက်၍ဖမ်းသည်။ထိုသို့ ပြုလုပ်သည်ကိုမကျေနပ်၍ ငါးခရိုင်၊အလုပ်သမားများစုစည်းပြီး ဗဟိုကော်မတီ ကိုထွန်းရင် ဦးစီးသည့်  အုပ်စုတစ်စု၊ကိုထွန်းသန်းဦးစီးသည့် အုပ်စုတစ်စုတို့ က နှစ်စုခွဲပြီး အတွင်းဝန်ရုံးကိုဝိုင်းကြလေသည်။ သခင်စိုးက အသံချဲ့ စက်တင်ထားသည့်  ဂျစ်ကားဖြင့်  အမိန့် ပေးညွန်ကြားနေပါသည်။

ထိုသို ဝိုင်းစဉ့် ပုလိပ်များက မျက်ရည်ယိုဗုံးဖြင့် ပစ်၊ဝါးရင်းတုတ်ဖြင့် ရိုက်သဖြင့် အတော်များများ ဒဏ်ရာရကြသည်။လူအတော်များများလဲ အဖမ်းခံရသည်။မနှင်းမေ၊ကိုထွန်းသန်း၊မညွန့် ညွန့် ၊ကိုထွန်းရင်တို့ အဖမ်းခံရပြီး
၁၆လမ်းဘက်တွင် သခင်စိုးကိုမိသွားပါသည်။

နားလည်တယ်ဆိုတာဘာလဲ

နားလည်တယ်ဆိုတာဘာလဲ။What is understand.lနိဗ္ဗာန်ကိုနားလည်ဘို.နီိဗ္ဗာန်ဟာအရှိတရားလား။မရှိတရားလား။Blind faithနဲ့ဘဲလက်ခံထားရမှာမဟုတ်လား။ငါဆိုတာတကယ်မရှိဘူးလို့ပြောတယ်။နားလည်လက်ခံလို့ရလား။
  • You and 3 others like this.
  • Hla Myaing နားလည်တယ်ဆိုတာကြားဖန်များ
    တဲ့စကါးလုံး၊စကါးစု၊တရားစကါး
    တွေကိုကြားဖန်များလို့ဆိုလိုတဲ့အ

    ဓိပ္ပါယ်နားမလည်ဘဲနားလည်သ
    ယောင်ယောင်လက်ခံထားတာမျိုးမဟုတ်ဘဲ၊တကယ့်ဆိုလိုရင်း
    အဓိပ္ပါယ်ကိုနားလည်သဘောပေါက်တာကိုပြောတာပါ။တရားရဲ့ဆို
    လိုရင်းအဓိပ္ပါယ်ကိုနားလည်ပြီးတဲ့နောက်အဲဒီတရားအဆိုပြုချက်
    မှန်၊မမှန်ကိုခောတ်အလိုက်တွေ့ရှိ
    ပြီးတဲ့အချက်အလက်၊ကိုယ်ပိုင်
    စဉ်းစားဥာဏ်၊သဘာဝယုတ္တိတွေနဲ့ချိန်ထိုးကြည့်တဲ့အခါအဲဒီတရား
    မှန်ကန်ကြောင်းတွေ့ရှိရရင်အဲဒီတရားကိုယုံကြည်လာတယ်။
်အဲဒီနောက်ကိုးကွယ်မှုဖြစ်လာ
    တယ်။အဆိုပြုချက်တိုင်းမှန်တယ်ယုံကြည်ပေမဲ့ကိုးကွယ်မှု့ဖြစ်မလာဘူး။အစၥလမ္ဘာသာကကိုး
    ကွယ်မှု့ဖြစ်သွားပြီးကွန်မြူနစ်ဝါဒ
    ကယုံကြည်ချက်ဖြစ်လာတယ်။
    ခောတ်အလိုက်တွေ့ရှိတဲ့အချက်
    အလက်ဆိုတာကခောတ်တ
    ခောတ်မှာကမ္ဘာပြားတယ်၊ခောတ်တခောတ်မှာကမ္ဘာလုံးတယ်။
    ခောတ်တခောတ်မှာကမ္ဘာကနေ
    ကိုယ်ပါတ်တယ်။ခောတ်တခောတ်မှာနေ ကကမ္ဘာကိုပါတ်တယ်။
    လူခြင်းတွေ့မှတရားငြင်းကြတာ
    ပေါ့ဗျာ။်

Friday, October 3, 2014

ကိုယ်ကျိုးစွန့်ပြီးတပါးသူကိုမကူညီပါနှင့်


ကိုယ်ကျိုးစွန့်ပြီးတပါးသူကိုမကူညီပါနှင့်

ကိုယ်ကျိုးစွန်ြ့ပီးတပါးသူကိုမကူညီပါနှင့်။
ပါရမီရှင်တွေနဲ့Supermanတွေလုပ်ဘို့
ထားလိုက်ပါ။ဒါပေမဲ့ကိုယ့်မိသားစုတာဝန်
ကျေပွန်အောင်လုပ်ရင်းတပါးသူကိုကိုယ်ကျိုးမစွန့်ဘဲကူညီနိုင်ခွင့်ကြုံကြိုက်လာ
ရင်တော့ကူညီဖြစ်အောင်ကူညီလိုက်ပါ။့ 
LikeLike · · Stop Notifications · Share · EditEdit · 1 hr

ကြောင်ဖြူဖြူမဲမဲ၊ကြွက်သေတာလိုရင်း

ကြောင်ဖြူဖြူမဲမဲ၊ကြွက်သေတာလိုရင်း
မကေါင်းမှု့ကို၊ကိုယ်ပိုင်အသိဥာဏ်နဲ့မ
ကေါင်းမှု့မှန်းသိလို့ဘဲရှောင်ရှောင်၊ငရဲကို
ကြောက်လို့ဘဲရှောင်ရှောင်၊ရှောင်နိုင်ရင်
ကေါင်းတာပါဘဲ။
ကေါင်းမှု့ကိုကိုယ်ပိုင်အသိဥာဏ်နဲ့ကေါင်းမှု့မှန်းသိလို့ဘဲလုပ်လုပ်၊လူနတ်ချမ်းသာအကျိုးကိုမျှော်ကိုးပြီတော့ဘဲလုပ်လုပ်၊လုပ်နိုင်ရင်ကေါင်းတာပါဘဲ။်
  • Than Htay သိလှချည်လား၊ဦးလှမြိုင်။RASUမှာGeologyတက်ခဲ့တုံးကLogic minor တွဲခဲ့ပုံရတယ်
  • Khinmaung Tin မျက်တောင်တစ်ဆုံးလောက်မကြည့်နဲ့ကိုလှမြိုင်။မိဘကိုကြောက်လို့စာကျက်တဲ့ကလေးနဲ့ကိုယ်ပိုင်အသိနဲ့စာကျက်တဲ့ကလေးစာမေးပွဲအောင်သာခြင်းတူချင်တူမယ်ဘ၀အောင်မြင်မှုပန်းတိုင်ေ၇ာက်တျာခင်းတော့တူမယ်မထင်ဘူး။
  • Hla Myaing

အကို့စကါး

အကို့စကါး
ဘယ်ဘုရားအတုကမှလည်းမင်းကိုယုံ
ကြည်အောင်ဖျားယောင်းနိုင်မှာမဟုတ်ဘူး။
ဘုရားအစစ်ပွင့်တဲ့အချိန်ရောက်
ရင်လည်းမင်းသံသယလွန်ကဲနေတာနဲ့
ဘုရားအစစ်ကိုဖူးတွေ့ခွင့်ကြုံမယ်မထင်ဘူး။
အကို့မှတ်ချက်အရဆိုရင်ကျွန်တော်
ကသံသယလွန်ကဲနေတဲ့သံသယဝါဒီ
ဖြစ်နေဟန်တူတယ်။ဒါကြောင့်လားမသိဘူးကျွန်တော်အရွယ်ရောက်တဲ့ကါလ
တိုင်းပြည်အာဏာကိုဆုပ်ကိုင်ထားတဲ့
ပုဂ္ဂိုလ်တယောက်ကိုမှကျွန်တော်လေး
စားလို့မရခဲ့ဘူး။တိုက်ဆိုင်တာကအဲဒီကါလဟာတိုင်းပြည်မှာအာဏာရှင်ြီကီးစိုး
တဲ့ကါလဖြစ်နေတယ်။
တခါလောက်တော့လေးစားလို့
ရတဲ့နိုင်ငံခေါင်းဆောင်တယောက်ကို
စိတ်ပါလက်ပါအားပေးဘူးခြင်တယ်။
  • Than Htay ဒို့ခေတ်ကိုတော့ရောက်ရမည်မှာမလွဲပါ။God See The Truth But Wait. R U O K.လံ့လနှင့်ဇွဲ မလျှော့ပဲ အမြဲ တင်းတင်းထား။ ။
  • Khinmaung Tin Auditor ဆိုတာဘယ်သူ့ကိုမှဘယ်စာရင်းကိုမှမယုံကြည်ရဘူးတဲ့။ခင်ဗျားစာရင်းစစ်လုပ်ရင်တော့အောင်မြင်မယ်ထင်တယ်။ဘာသာရေးသမားတစ်ယောက်အနေနဲ့တော့ဘယ်တော့မှကြီးကျယ်အောင်မြင်သူဖြစ်လာမှာမဟုတ်ဘူး။
  • Hla Myaing Khinmaung Tin ဘာသာရေးဟာယုံကြည်မှု့အုတ်
    မြစ်ပေါ်မှာတည်ဆောက်ရတာမို့သံသယဝါဒီကျွန်တော်ကြီးကျယ်အောင်မြင်သူမဖြစ်နိုင်တာလား?

သမိုင်းမှတ်ကျောက် *********************

Mg Mg Myo Naing added 7 new photos.
သမိုင်းမှတ်ကျောက်
*********************

သမဂ္ဂစိတ်ကိုဖျောက်ဖို့
သမဂ္ဂ အ ဆောက်အဦးကိုဖယ်
ကျောင်းသားတွေရဲ့ မြင်ကွင်းကကွယ်စေခဲ့။


သမဂ္ဂခေါင်းဆောင် ကိုအောင် ဆန်း
သမဂ္ဂရဲ့ အခန်းမှာဖြစ်သလိုအိပ်စား
အဲဒီမှာ........
နိုင်ငံရေးသမားအဖြစ် ထုံကူး
လွတ်လပ်ရေးအိပ်မက်တွေ
မက်ဖူးတယ်။

ဘယ်ခေတ်မှာဖြစ်ဖြစ်
ကောက်ကျစ်ဖိနှိပ်မှုကိုတွန်းလှန်
အမှန်တရားအတွက် အသက်ပေး
ပြည်သူတွေနဲ့တစ်သွေးတည်းပေါင်းရန်
ဒေါင်းအလံနဲ့
ကျောင်းခြံရဲ့ အပြင်ထွက်ခဲ့တာကျောင်းသား
မတရားမှု မှန်သမျှ ငုံ့မခံ
တုန့်ပြန်တတ်တာ သမဂ္ဂစရိုက်
ဘယ်ဒိုင်းနမိုက်နဲ့ ခွဲခွဲ
မလဲမပြို ထာဝစဉ်
ရာဇဝင် အဆက်ဆက်
သမဂ္ဂ ရဲ့ အသက် ဝိဥာဉ်
ရင် မှာငြိစွဲ
ပူးကပ်ဆဲမို့ ခွပ်မြဲခွပ်နေ
ဒေါင်း အိုးဝေ ။

မြင်ကွင်းက ဖျောက်လိုက်တိုင်း
သမိုင်းမှာ မမှိန်မပျောက်
အဲဒီမှာ သမဂ္ဂ အဆောက်အဦး
အာဇာနည်တွေဝတ်မှုံကူးတဲ့နေရာ
အာဏာရှင် စနစ် ရဲ့
ပြယုဂ် တစ်ပိုင်းတစ်စလို့
(ကမ္ဘာတည်သ ရွေ့)
သမိုင်းက မှတ်ကျောက်တင် လိမ့်မယ်။
မောင် စိန်ဝင်း ပုတီးကုန်း
၂၄ ၉ ၂၀၁၄
လေးစားလျက်
ပြန်လည်မျှဝေပေးပါတယ်။
  • Hla Myaing

ဥပစ္ဆေဒကံဖြင့် ကျဆုံးခဲ့ရရှာသော ရဲဘော်သုံးကျိပ်ဝင် ရှစ်ယောက်

Kyaw Swar Myint added 2 new photos.
ဥပစ္ဆေဒကံဖြင့် ကျဆုံးခဲ့ရရှာသော ရဲဘော်သုံးကျိပ်ဝင် ရှစ်ယောက်
=========================================
ဇော်သက်ထွေး
မကြာသေးခင်က ဂျပန်နိုင်ငံကို သွားရောက်ခဲ့တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေး
ကိုယ်စားလှယ် အဖွဲ့ရဲ့ ခေါင်းဆောင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်
မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ
တစ်လျှောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ကို စစ်ပညာ သင်ကြားနိုင်ရေး
ကူညီခဲ့တဲ့ ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ အုတ်ဂူရှိရာ Hunji Temple ဗုဒ္ဓဘာသာ ဘုရား
ကျောင်းမှာ ဂါရ၀ပြု ပန်းခွေချ အလေးပြုခဲ့ပါတယ်။

ဒါဟာ မြန်မာ့ တပ်မတော် ရာထူးအမြင့်ဆုံး ခေါင်းဆောင် တစ်ယောက်ရဲ့ ထူးခြားတဲ့
ဆောင်ရွက်ချက် တစ်ရပ်အဖြစ် မှတ်ချက်ပြုရမှာ ဖြစ်သလို မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသားလူမျိုးတွေထဲက မျိုးချစ်စိတ်ရှိသူ ရဲဘော်သုံးကျိပ်က စတင်ပေါက်ဖွား
လာတယ် ဆိုတာကို သတိပြုအပ်လှပါတယ်။ ရဲဘော် သုံးကျိပ်ဝင်တွေထဲမှာ ရန်ကုန်
တက္ကသိုလ် ကျောင်းသား သမဂ္ဂက ကျောင်းသား ခေါင်းဆောင်တွေ ပါဝင်ခဲ့သလို သာမန်အရပ်သားတွေလည်း ပါဝင်ခဲ့ပါတယ်။
ရဲဘော် သုံးကျိပ်ဝင်တွေထဲမှာ ထင်ရှားတဲ့ ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း)၊
ဗိုလ်ရန်နိုင်၊ ဗိုလ်နေ၀င်း၊ ဗိုလ်စင်္ကြာ (ဆေးတက္ကသိုလ်) ဗိုလ်မြင့်ဆွေ၊ ဗိုလ်ဇေယျ
(ဗကသ ဥက္ကဋ္ဌ)တို့သာ ရန်ကုန် တက္ကသိုလ် ကျောင်းထွက်တွေဖြစ်ပြီး ဗိုလ်လက်ျာ
က ကာလကတ္တား တက္ကသိုလ်၊ သခင် ထွန်းအုပ်နဲ့ ဗိုလ်မြင့်ဆွေက ကိုလံဘိုလ် တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သူတွေ ဖြစ်ပါတယ်။ ကျန်တာတွေက အလွှာ
အသီးသီးက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ တပ်မတော် ပေါက်ဖွားလာရခြင်းရဲ့ အမြုတေလို့ တင်စားလို့ရတဲ့ ရဲဘော်
သုံးကျိပ်ဆိုပြီး သမိုင်းမှာ မှတ်တမ်းတင်ထားပေမယ့် ဂျပန်ကို အသွားမှာပဲ လမ်းမှာ
သခင် သန်းတင်(၁)က နေမကောင်းဖြစ်ပြီး ဆုံးပါးသွားခဲ့ရပါတယ်။ ဒါ့ကြောင့် ဂျပန်
ကို ၂၉ယောက်ပဲ ရောက်သွားပြီး စစ်ပညာ တကယ်သင်တော့ ၂၇ယောက်ပဲ ရှိပါ
တယ်။ စစ်ပညာမသင်တဲ့ နှစ်ယောက်က သခင်ထွန်းအုပ်နဲ့ ဗိုလ်ထိန်ဝင်း
(ကိုသောင်း)တို့ ဖြစ်ပြီး သခင်ထွန်းအုပ်က တိုကျိုမြို့မှာ အုပ်ချုပ်ရေး ပညာသင်နေရ
တဲ့ အတွက် စစ်သင်တန်းကို မတက်ရောက်နိုင်ပါဘူး။ ဗိုလ်ထိန်ဝင်း ဆိုတာက
မန္တလေးမြို့ရဲ့ အဓိကရ စာရေးဆရာ လူထုဦးလှရဲ့ညီဖြစ်ပြီး သူက ဂျပန်မှာ နဂို
ကတည်းက ရက်ကန်းပညာ သင်နေတဲ့သူ ဖြစ်ပါတယ်။ ဂျပန်တွေနဲ့အတူ အင်္ဂလိပ်
ကို တိုက်ထုတ်ဖို့ ပြည်တွင်းထဲကို ပြန်ဝင်မှ ဗိုလ်ထိန်ဝင်းဆိုပြီး ရဲဘော်သုံးကျိပ်
ထဲမှာ လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။ ဂျပန် ဖော်မိုဆာကျွန်းမှာ စစ်ပညာ တကယ် သင်ခဲ့တဲ့သူတွေဟာ ၂၇ယောက်ပဲ ရှိခဲ့ပေမယ့် ရဲဘော် သုံးကျိပ်လို့ပဲ သမိုင်း
မှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။
ယိုးဒယားကတစ်ဆင့် မြန်မာနိုင်ငံ အတွင်းကို ပြန်ဝင်လာတော့လည်း ၂၇ယောက်
ထဲက သခင်သန်းတင် (၂) (ဗိုလ်မြဒင်)ဟာလည်း နာမကျန်းဖြစ်ပြီး အပြန်ခရီးမှာပဲ ကွယ်လွန်ခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ အတွင်းထဲမှ အင်္ဂလိပ်တွေကို ထိထိရောက်ရောက် မောင်းထုတ်တဲ့ အခါမှာတော့ ရဲဘော်သုံးကျိပ်ထဲက ၂၈
ယောက်သာ အသက်ရှင်ကျန်ပြီး နာမည်တူ နှစ်ယောက်ကတော့ ကွယ်လွန်
သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီသူရဲကောင်းတွေထဲက ဥပစ္ဆေဒကံနဲ့ ကွယ်လွန်သွားတဲ့ ရဲဘော်သုံးကျိပ်ဝင်တွေ
ထဲမှာ ဂဠုန်ဦးစောသတ်လို့ သေရတဲ့ ဗိုလ်ချုပ်အောင်ဆန်း (ဗိုလ်တေဇ)ကိုပဲ အားလုံး
သတိရကြမှာ ဖြစ်ပါတယ်။ ကျန်တဲ့ သူတွေကို ရေရေရာရာ သိရှိမှာ မဟုတ်တဲ့
အတွက် ဒီဆောင်းပါးကို ရေးသားမှတ်တမ်း တင်ရခြင်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအပြင် ဥပစ္ဆေဒကံနဲ့ ကျဆုံးခဲ့ရရှာတဲ့ ရဲဘော်သုံးကျိပ်ဝင်တွေ
ကတော့ ဗိုလ်မိုး၊ ဗိုလ်လက်ျာ၊ ဗိုလ်ရန်အောင်၊ ဗိုလ်စောအောင်၊ ဗိုလ်မြင့်အောင်၊
ဗိုလ်ဉာဏ၊ ဗိုလ်ဇေယျတို့ ဖြစ်ကြပါတယ်။ သူတို့တွေထဲမှာ အစောဆုံး ကျဆုံးခဲ့တဲ့
သူကတော့ ဗိုလ်စောအောင်ဖြစ်ပြီး ရွှေကျင်တိုက်ပွဲမှာ ကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုးဟာ သမိုင်းမှာ ထင်ရှားတဲ့ ထုံးကြီး
တိုက်ပွဲမှာ သူရဲကောင်းဆန်စွာ ကျဆုံးခဲ့ရ ပြန်ပါတယ်။ အဲဒီနောက်မှာတော့
တတိယလူဟာ ဗိုလ်ဉာဏဖြစ်ပြီး သူလည်း ဖာပွန်တိုက်ပွဲမှာပဲ ကရင်တွေရဲ့
ခေါင်းဖြတ် အသတ်ခံရပြီး အသက် စတေးခဲ့ရပါတယ်။ ထူးခြားချက် အနေနဲ့
ရဲဘော်သုံးကျိပ်မှာ စတင် ကျဆုံးခဲ့ရတဲ့ သခင်သန်းတင် (ဗိုလ်မြဒင်)ဟာ ၁၉၄၂ခု
ဇန်န၀ါရီလမှာ ကွယ်လွန်ခဲ့ရပြီး၊ ဗိုလ်စောအောင်၊ ဗိုလ်မိုးနဲ့ ဗိုလ်ဥာဏတို့ဟာ
ရက်ပိုင်းမျှသာခြားပြီး ဆက်တိုက် ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။ စတုတ္ထမြောက်
ဥပစ္ဆေဒကံသင့်တဲ့ သူက ဗိုလ်မြင့်အောင်ဖြစ်ပြီး ၁၉၄၅ခုနှစ် ဇွန်လ ၁၉ရက်နေ့က
အမြောက်တပ်ကို လာစစ်ဆေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဆူလို့ဆိုပြီး ကိုယ့်
ကိုယ်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ ဒီဖြစ်ရပ် မတိုင်ခင်က
ဗိုလ်မြင့်အောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေဟာ ဖောက်လွဲဖောက်ပြန် ဖြစ်
နေတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ ပဉ္စမမြောက် ကျဆုံးခဲ့ရတဲ့ သူကတော့
တိုင်းပြည်ရဲ့ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပြီး ဂဠုန်ဦးစောရဲ့ လက်ရုံးတပ်ဖွဲ့
က တော်မီဂန်းနဲ့ အတွင်းဝန်ရုံးမှာ ပစ်ခတ် လုပ်ကြံခဲ့ပါတယ်။
အဲဒီ့နောက်ပိုင်းမှာ မြန်မာ့ တပ်မတော်ကို ထူထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ ဘ၀တွေဟာ နိုင်ငံရေး ယုံကြည်ချက်၊ ခံယူချက်များကြောင့် ရဲဘော်ရဲဘက်ကနေ
ရန်သူတွေအဖြစ် ရင်ဆိုင် တိုက်ခိုက်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်
ဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်းဟာ ကံအားလျော်စွာ တပ်မတော်ရဲ့ အကြီးအကဲ ဖြစ်လာခဲ့
ပေမယ့် ရဲဘော်သုံးကျိပ်ဝင်တွေထဲက ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်နဲ့ ဗိုလ်ကျော်ဇောတို့ဟာ ကွန်မြူနစ်စနစ်ကို ယုံကြည်တဲ့ အတွက် ပဲခူးရိုးမမှာ အခြေ
စိုက်တဲ့ ကွန်မြူနစ်ပါတီကို ဆက်သွယ် တောခိုခဲ့ကြပါတယ်။
ကွန်မြူနစ် ပါတီကို ရောက်တဲ့ ဒီလေးယောက်ထဲမှာ ဗိုလ်ရန်အောင်ဟာ ပါတီတွင်း
သုတ်သင် ရှင်းလင်းရေးမှာ မြေစာပင် ဖြစ်ခဲ့ရပြီး အချင်းချင်း သတ်ဖြတ်တာ ခံခဲ့
ရပါတယ်။ နောက်ဆုံးအချိန်မှာ နှိပ်စက်ညှဉ်းပန်းပြီးမှ ၀ါးရင်းတုတ်နဲ့ ရိုက်သတ်ခြင်း
ခံခဲ့ရပါတယ်။ ဗိုလ်ဇေယျကတော့ ဗိုလ်နေ၀င်းရဲ့ စစ်တပ်က ပြုလုပ်တဲ့ ဗကပ
စစ်ဆင်ရေး တစ်ခု အတွင်းမှာ တိုက်ပွဲအတွင်း နှစ်ဆန်း တစ်ရက်နေ့ကြီးမှာ ရဲရဲ
ရင့်ရင့် ကျဆုံးခဲ့ရ ပြန်ပါတယ်။
ဥပစ္ဆေဒကံနဲ့ ကွယ်လွန်ခဲ့ရတဲ့ နောက်ဆုံး ရဲဘော်သုံးကျိပ်ဝင်ကတော့ (BIA) ဗမာ့
တပ်မတော် ဒုတိယ စစ်သေနာပတိ ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်မှ
ထွက်သည့်အခါ တပ်မတော်ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဗိုလ်လက်ျာပဲ ဖြစ်ပါတယ်။
ဗိုလ်လက်ျာဟာ ၁၉၄၉ခု ဖေဖော်ဝါရီလမှာ တပ်မတော်မှ အနားယူခွင့် ပေးလိုက်ပြီး ဗိုလ်လက်ျာ နေရာမှာ ဗိုလ်နေ၀င်းက အစားထိုး ၀င်ရောက် တာဝန်ယူခဲ့ပါတယ်။
ဗိုလ်လက်ျာဟာ ပထမဦးဆုံး မြန်မာနိုင်ငံ သမိုင်းမှာ ဖွဲ့စည်းခဲ့တဲ့ ကွန်မြူနစ်ပါတီ
ဦးဆောင် အဖွဲ့ထဲမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ညီဖြစ်သူ
ကျောင်းသား ခေါင်းဆောင် အာဏာရှင် ဒေါက်တာလှရွှေဟာ ပညာတော်
သင်သွားရင်း ဘာရိန်းမှာ လေယာဉ်ပျံ ပျက်ကျ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ညီ
အငယ်ဆုံးဟာ စာရေးဆရာ မြလှိုင်ဖြစ်ပြီး ပေဖူးလွှာ မဂ္ဂဇင်းကို ထူထောင်ခဲ့သူ
အဖြစ် ထင်ရှားပါတယ်။
တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် ၁၉၆၃ခု ဒီဇင်ဘာလမှာ
ဗိုလ်လက်ျာဟာ ဖမ်းဆီးထိန်းသိမ်း ခံရပြီး ၁၉၆၈ခု ဖေဖော်ဝါရီလမှာ ပြန်လွတ်
ခဲ့ပါတယ်။ ထောင်က လွတ်ပြီးတဲ့နောက် ၁၉၆၉ဇူလိုင်လမှာ အိန္ဒိယကို
တိတ်တဆိတ် ထွက်ခွာသွားပြီး ဦးနုဦးဆောင်တဲ့ ပါလီမန် ဒီမိုကရေစီ ပါတီ
(PDP)မှာ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၇၈ခု နိုဝင်ဘာလ
ထိုင်း-မြန်မာနယ်စပ် ပရာကျွတ် တောင်ပေါ် စခန်းမှာ KNUက ရွှေ့ဆိုင်းတပ်နဲ့
တိုက်ပွဲဖြစ်ပွားပြီး ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ ဗိုလ်ချုပ်
စောကြာဒိုးက အတင်းခေါ်ပေမယ့် မလိုက်ဘဲ ရန်သူတွေကို ခုခံတိုက်ခိုက်နေရင်း ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။ သတ်ဖြတ်ခဲ့သူကတော့ အာဇာနည်တစ်ဦး ဖြစ်သူ
မန်းဘခိုင်ရဲ့ညီ မန်းဘဆိုင်ရဲ့သား ဒေါက်တာမန်းမြင့်ဆိုင်(KNU)ရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အချုပ်ပြောရမယ်ဆိုရင် ရဲဘော်သုံးကျိပ်ထဲက ဥပစ္ဆေဒကံနဲ့ ကျဆုံးသွား
ခဲ့ရသူ စုစုပေါင်းမှာ ရှစ်ယောက်ရှိပြီး လွတ်လပ်ရေး တိုက်ပွဲအတွင်း ကျဆုံးသူ
သုံးယောက်၊ ကိုယ့်ကိုယ်ကို သတ်သေသူ တစ်ယောက်၊ ကိုယ့်လူမျိုး အချင်းချင်း
သတ်လို့ သေရသူ လေးယောက် ရှိခဲ့တယ်လို့ သမိုင်းသင်ခန်းစာ ယူရမှာ
ဖြစ်ပါတယ်။
ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်အမှတ်(၃၁) ဆောင်းပါး )
Hla Myaing