Saturday, December 6, 2014

ဦးသန့်ဒီဇင်ဘာနှင့်နော်ကူးမအလွမ်း

ဦးသန့်ဒီဇင်ဘာနှင့်နော်ကူးမအလွမ်း
ဒီဇင်ဘာ၏အေးမြမြ နှင့်မှိုင်းပျပျရာသီကပင်အလွမ်းဓါတ်ကိုနှိုးဆွတတ်လေသလားမသိ၊ဒီဇင်ဘာရောက်တိုင်းအလွမ်းဓါတ်ခံတို့နိုးကြွလာတတ်သည်။မြန်မာလူမျိုးသက်တမ်း၏သုံးပုံနှစ်
ပုံကျော်နေခဲ့ပြီးသည်မို့လွမ်းရသည့်ဒီဇင်ဘာတွေအရွယ်အလိုက်ရှိခဲ့ပါသည်။၁၉၅၈ပါတ်ဝန်းကျင်ခလေးဘဝဖခင်၊ညီငယ်နှင့်အတူတက္ကသိုလ်ရိပ်သာလမ်းမှဗိုလ်တထောင်ထိမနက်၎နာရီခန့်ကါးနှင့်လူသူကင်းရှင်းသည့်လမ်းတလျောက်လမ်း
လျောက်ခဲ့သည့်ဒီဇင်ဘာရက်တရက်ကို
ယနေ့တိုင်လွမ်းမိပါသေးသည်။ဆန့်ကျင်ဘက်ရွယ်တူများနှင့်မထိခလုပ်ထိခလုပ်
ဖြစ်ခဲ့သည့်ဒီဇင်ဘာလူထုလမ်းလျောက်ပွဲ
များသည်လည်းလွမ်းစရာပင်။
ဝန်ထမ်းဘဝတလတစ်ခေါက်ရောက်ခဲ့
ရသည့်ဝန်းသိုမြို့တွင်အေးမြသည့်မနက်ခင်းကြမ်းနှင့်တပြေးညီဖေါက်ထားသည့်မီးဖိုတွင်မီးလှုံရင်းခေါပုတ်ကင်စားရေနွေးကြမ်းသောက်ရသည်များ၊ညနေဘက်ဒေါင်းမြူးချောင်းတွင်ရေချိုးပြီးချမ်းစိမ့်စိမ့်အရသာကိုဖန်ခွက်ကိုင်ခံစားရသည့်ဒီဇင်ဘာရက်များကလည်းလွမ်းစရာပင်
ကျိုက်ထီးရိုး၊ကျိုက်ထိုဟော်တယ်ရှေ့
ကေါ်ဖီဆိုင်တွင်မိသားစုနှင့်ကေါ်ဖီသောက်ရင်းတက်သစ်စနေဝန်းကိုကြိုဆိုရသည့်ဒီဇင်ဘာရက်များကလည်းလွမ်းစရာပင်။
ယခုနှစ်ဒီဇင်ဘာတွင်တော့မကြာသေးမှီ
ကR.A.S.U ကျောင်းဝင်းအတွင်းတွေ့ခဲ့
ရသည့်ခွပ်ဒေါင်အလံနီနီများနှင့်ဆက်စပ်
ပြီးတခုသောဒီဇင်ဘာကိုအထူးပြုလွမ်းမိပါသည်၊ ဦးသန့်ဒီဇင်ဘာရက်များပင်.....
သမိုင်းကြောင်းကိုအားလုံးသိပြီးဖြစ်၍
နှစ်ထပ်မကြော့လိုတော့ပါ။မိမိလွမ်းမိတာ
လေးတွေကိုသာအရသာခံလွမ်းပါတော့
မည်။
ထိုစဉ်ကလိုင်သဘာဝသိပ္ပံတက္ကသိုလ်
တွင်ဘူမိဗေဒနောက်ဆုံးနှစ်တနှစ်တည်းသာမဟာဌာနအသစ်ဖွင့်လှစ်မည်ကိုအ
ကြောင်းပြု၍ပြောင်းရွှေ့သင်ကြားနေပြီး
ကျန်ကျောင်းသားအားလုံးမှာပထမနှစ်
ကျောင်းသားများဖြစ်ကြသည်။
ဒီဇင်ဘာလသမိုင်းဝင်နေ့တွင်ဘူမိဗေဒ
နောက်ဆုံးနှစ်ကျောင်းသားများနှင့်ဘာသာရပ်အားလုံးပထမနှစ်ကျောင်းသားများ
ပူးပေါင်း၍ပြည်လမ်းတလျောက်ချီတက်ခဲ့
ရာတံတားဖြူအင်းယားကန်ဘောင်ပေါ်
ရောက်စဉ်အေးမြသည့်ရာသီကြောင့်ကန်ရေမျက်နှာပြင်ရေငွေ့ပျံနေသည်ကိုတွေ့ရသည်။
Main ထဲရောက်၍နေရချအပြီးကြည့်လိုက်ရာ
တက္ကသိုလ်အလိုက်၊ဘာသာရပ်အလိုက်၊
အုပ်စုလိုက်ဖဲပြားရောင်စုံများရင်ဘတ်တွင်တပ်ဆင်ထားကြသည်။အချိန်ကျသည်
နှင့်စီတန်း၍ကျိုက္ကဆံကွင်းသို့ချီတက်ကြသည်။ယခုပန်းချီမျိုးမြင့်ဖြစ်နေပြီဖြစ်သော
ဘူမိဗေဒကျောင်းသားကိုမျိုးမြင့်ကဦးသန့်
ရုပ်ပုံလက်တန်းဆွဲပြီးကျောင်းသားတန်းနောက်ဆုံးမှရှေ့ဆုံးသို့ရုပ်ပုံကိုကိုင်မြှောက်၍ပြေးသွားသည်။ကျိုက္ကဆံကွင်းအ
တွင်းပင်နီဝတ်ကျောင်းသား(ဆလိုင်း
အောင်ကျော်မိုးဟုပြောကြသည်)နှင့်လမ်းစဉ်လူငယ်ကျောင်းသားတို့စကါးစစ်ထိုးပွဲ
ွဲအပြီးကျောင်းသားထုတညီတညွတ်တည်းဦးသန့်ရုပ်ကလပ်ကိုရာဇူးသို့သယ်ဆောင်ခဲ့သည်။အပြန်ခရီးတွင်ကျောင်းသူ
များအားအလယ်တွင်ထားပြီးကျောင်း
သားများကဘေးမှလက်တွဲဝန်းရံချီတက်ခဲ့ကြသည်။နှစ်မငယ်နှင့်အမများအား
အကိုတွေ၊မောင်တွေကစောင့်ရှောက်သည့်ခံစားမှုများခစားရသည်။
ဦးသန့်ရုပ်ကလပ် ကျောင်းဝင်းတွင်း
ရောက်ရှိပြီးနောက်ပိုင်းတွင်တော့ဦးသန့်
ဒီဇင်ဘာနေ့ရက်များစတင်တော့သည်။
နေ့နေ့ညညကျေင်းဝင်းအတွင်စည်ကါးနေသည်။ကျေင်းသားသက်သက်မဟုတ်တော့ပြည်သူအားလုံးပူးပေါင်းပါဝင်လာသည်။ကျောင်းသားအားလုံးတက်ကြွနေသည်။ပျော်ရွှင်နေသည်။သန်ရာသန်ရာပူးပေါင်းဆောင်ရွက်သည်။ဂူဗိမာန်ဆောက်
ရန်ပုံစံဆွဲသူကဆွဲသည်။ပြည်သူများကလည်းအလှုငွေထည့်ဝင်ကြသည်။အလုပ်သမားများကလည်းအလုပ်ဆင်းချိန်တွင်ရောက်လာကြသည်။တပြည်လုံးပူးပေါင်းဆောင်ရွက်နေကြသလိုပင်။
ဤနေရာတွင်ကျွန်တော်၏နော်ကူးမပါဝင်လာသည်။ကျောင်းဝင်းအတွင်းသူငယ်
ချင်းတစုနေ့နေ့ညညရှိနေကြသည်မို့
အဆက်မပြတ်ကြားနေရသောအသံလေးကိုသတိပြုမိလာသည်။အသံသာသာမို့
ကြားရသူတိုင်းနှစ်ချိုက်သဘောကျသည်
နောက်ဆုံးအားလုံးသဘောတူနံမည်ပေးလိုက်သည်က''နော်ကူးမ''ဟူ၍ပင်။
ပြန်ကြားရေးနှင့်အလှုခံနေရာမှကြေငြာစရာ့်ရှိသည်များကိုကြေငြာရာ၌နောက်ဆုံးစကါးလုံးကို'''နော်'''ဖြင့်အဆုံးသတ်တတ်
သဖြင့်ထိုခောတ်ကနံမည်ကြီးရုပ်ရှင်နှင့်ဇာတ်ကေါင်''နော်ကူးမ'''အမည်ဖြင့်ချစ်စ
နိုးခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
အေးမြသည့်ဒီဇင်ဘာနေ့ညများနှင့် 
နော်ကူးမကိုလွမ်းမိပါသည်။
သမိုင်းမှတ်တမ်းရေးခြင်းမဟုတ်ဘဲ
အလွမ်းမှတ်တမ်းရေးခြင်းမျှသာဖြစ်၍
အပြည့်အစုံဖြစ်မည်မဟုတ်ပါ။
နော်ကူးမနှင့်အတူသတိရသူများကတော့
သဘာဝသိပ္ပံမှမိန်းသို့အတူလာခဲ့သည့်
ကိုစံထွန်းနိုင်(ရခိုင်အမျိုးသား)၊ဆလိုင်းသန်းထွန်း(ချင်းအမျိုးသား)၊
အရှေ့မြောက်နယ်မြေသို့ရောက်ရှိသွားသောဒဿနိကနည်းပြဒေါ်မြမြစိုး၊ဒေါ်မြမြစိုးအားအရှေ့မြောက်ဒေသသို့ပို့ဆောင်ပေးခဲ့သည့်ကိုအောင်မျိုး(ကိုချစ်ဝင်း)
အားလုံးပြန်မဆုံကြတော့
Like ·  · 

Thursday, December 4, 2014

Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေ

Hla Myaing လူတွေမသိလို့ပါ။ကျွန်တော်စတင်သတိထားမိတဲ့၁၉၆၈ခုနှစ်လောက်ကတည်းရန်ကုန်မှာအဲဒီအလေ့အထရှိနေပြီးဖြစ်ပါတယ်။မွတ်စလင်တွေရဲ့အလေ့အထပါ။လှုတာကထမင်းပါ။အဲဒီအချိန်ကလမ်း၃၀ အတွင်းကွက်လပ်ကြီးမှာမြေစိုက်ထမင်းဆိုင်ကြီးရှိပါတယ်။လှုတာလည်းမွတ်စလင်၊စားသူလည်းမွတ်စလင်ပါဘဲ။လှုသူကဘယ်နှစ်ယောက်အတွက်ဆိုပြီးဆိုင်ရှင်ကိုငွေကြိုရှင်းပြီးဆိုင်ရှင်ကအသင့်စောင့်နေသူ၊ကြုံကြိုက်သူကိုခေါ်ကြွေးပါတယ်။အလှုရှင်ကိုသိခွင့်မရပါ။မွတ်စလင်တွေရဲ့ညာလက်ကလှုတာကိုဘယ်လက်ကမသိစေရဘူးဆိုတဲ့အယူအဆနဲ့ဆက်နွယ်နေတယ်လို့သိရပါတယ်။အခုလည်းအဲဒီလိုလှုသူ၊စားသူတွေရှိပါတယ်။ပန်းဆိုးတန်းTokyo Donutဘေး
လမ်းကြားမွတ်စလင်ထမင်းဆိုင်မှာလေ့လာနိုင်ပါတယ်


ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်...

စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်...

မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..

ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်...

ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..

ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့... သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်...

စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..

နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် ... ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်... ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ...

ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???

အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက် သွားတဲ့လူတွေကို ကြည့်နေမိတယ်...

အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်...

မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့...

ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်...

ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...

ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့....

ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..

လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ...

ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..

တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ...

ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..

ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်...

ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ
လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်...

ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ...

ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့... အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်...

ဒီ Post လေးကို Like လုပ်ပါ..Share ပါ... ဒီ အလေ့အထလေးကို မြန်မာနိုင်ငံ မှာဖြစ်မြောက်လာအောင် တစ်ယောက် တစ်အား ၂၀၀-၃၀၀ ကစလို့ ၀ိုင်းဝန်း ကူညီကြပါလို့ပြောချင်ပါတယ်...

ကျေးဇူးတင်ပါတယ်...
Like · · Share · 6 hrs

  • 108 people like this.
  • Ayeyar Thar Share ပြီနော်
  • Myo Nyunt အိုကေစိတ်ဝင်စားတယ် မြို့ကြီးတွေ
    မှာအရင်ဖြစ်မလား
  • Myint Soe အလကားရ ရေအသေသောက်တဲ့ ဗမာအကြောင်းးမသိသေးဘဲကို???အလုပ်မလုပ်ဖဲ အလှုကြီးးပေးးတာနားးစွင့်နေတဲ့လူမျိုးးဗျ??
  • Zaw Naing good idea
  • Sein Tin Win အင်း ခင်များပြောတဲ့Suspended ကြီး
    မြန်မာပြည်ကိုသွင်းလာလို့မဖြစ်သေးဘူးဗျို့
    အလိုလိုနေမှ တောင်းစားသူတွေများပါတယ်ဆိုမှ
    ...See More
  • Myothiha Kyaw Ko sein tin win ပျော်တာလဲမှန်သလိုပဲဒါပေမဲ့နွမ်းပါးနေတဲ့သူတွေကိုတော့ကူညီသင့်ပါတယ်ခင်ဗျာ
  • Sein Win လဘက်ရည်ဆိုင်တွေကရော မှန်မှန်ကန်ကန် လုပ်ပါ့မလား
  • Hla Myaing လူတွေမသိလို့ပါ။ကျွန်တော်စတင်သတိထားမိတဲ့၁၉၆၈ခုနှစ်လောက်ကတည်းရန်ကုန်မှာအဲဒီအလေ့အထရှိနေပြီးဖြစ်ပါတယ်။မွတ်စလင်တွေရဲ့အလေ့အထပါ။လှုတာကထမင်းပါ။အဲဒီအချိန်ကလမ်း၃၀ အတွင်းကွက်လပ်ကြီးမှာမြေစိုက်ထမင်းဆိုင်ကြီးရှိပါတယ်။လှုတာလည်းမွတ်စလင်၊စားသူလည်းမွတ်စလင်ပါဘဲ။လှုသူကဘယ်နှစ်ယောက်အတွက်ဆိုပြီးဆိုင်ရှင်ကိုငွေကြိုရှင်းပြီးဆိုင်ရှင်ကအသင့်စောင့်နေသူ၊ကြုံကြိုက်သူကိုခေါ်ကြွေးပါတယ်။အလှုရှင်ကိုသိခွင့်မရပါ။မွတ်စလင်တွေရဲ့ညာလက်ကလှုတာကိုဘယ်လက်ကမသိစေရဘူးဆိုတဲ့အယူအဆနဲ့ဆက်နွယ်နေတယ်လို့သိရပါတယ်။အခုလည်းအဲဒီလိုလှုသူ၊စားသူတွေရှိပါတယ်။ပန်းဆိုးတန်းTokyo Donutဘေး
    လမ်းကြားမွတ်စလင်ထမင်းဆိုင်မှာလေ့လာနိုင်ပါတယ်
  • လူဆိုး ကြီး ကျနော်လည်းဖတ်ဘူးတယ်ဗျသိပ်
    ကောင်းတဲ့တပိုင်တနိုင်အလှူပေါ့ဗျာ
  • Kanbbalu Moe ကြိုက်တယ်
  • Ei Shwezin အရမ်းကောင်းတာပဲ shate လိုက်ပြီနော် မမ
  • KyawSawe Win ကြိုက်သွားပြီ ကောင်းလိုက်တဲအစီးစဉ်
  • Su Lei Wai ကောင်းတယ်၊လက်ခံတယ်

Tuesday, December 2, 2014

ကျေးဇူး တယ်လီနော


ကျေးဇူး တယ်လီနော
တယ်လီနောကသူ့ကိုယ်စားလှယ်လ္ဘက်
ရည်ဆိုင်လိုဆိုင်မျိုးတွေမှာခလေးလုပ်သားမထားဘို့ပြောတယ်။ဆိုင်တွေကမဖြစ်နိုင်ကြောင်းပြောတော့အဲဒီဆိုင်တွေကသူ့တယ်လီနောလိုဂိုတွေကိုပြန်ဖျက်ပစ်တယ်။အခုမြန်မာအဖွဲ့တခုနဲ့ဆက်သွယ်ပြီး
အဲဒီလိုခလေးလုပ်သားတွေကိုလုပ်ငန်းခွင်ပြင်ပပညာသင်ပေးဘို့စီစဉ်နေတယ်
လို့ဂျာနယ်တစောင်မှာဖတ်လိုက်ရတယ်။
မိတ်ဆွေတယောက်ကျွန်တော့ကိုဝေဖန်
ဘူးတဲ့စကါးကိုအမှတ်ရမိတယ်။ခင်ဗျား
ခလေးလုပ်သားပြဿနာရင်းမြစ်ကိုဖြေရှင်းမပေးနိုင်ဘဲဆိုင်တွေမှာခလေးလုပ်သားမထားရှိဘို့သာဆောင်ရွက်ရင်အဲဒီခလေးတွေကိုဒီထက်ဆိုးတဲ့ဘဝတွန်းပို့တာ
နဲ့အတူတူဘဲတဲ့။ှ

Monday, December 1, 2014

နိုင်ငံရေးမှာရိုးသားမှု့တစ်ခုထဲနဲ့မလုံလောက်ဘူး

နိုင်ငံရေးမှာရိုးသားမှု့တစ်ခုထဲနဲ့မလုံလောက်ဘူး။ပရိဿတ်ဓါတ်ခံ၊အကြိုက်၊အခြေအနေကိုသိ
တတ်တဲ့ပါးနပ်မှု့ရှိဘို့လည်းလိုအပ်တယ်။ကမ္ဘာ
မှာလူကြည့်အများဆုံးရုပ်ရှင်ကါးတွေကအော်စကါဆုရ၊အကယ်ဒမီဆုရဇာတ်ကါးတွေမဟုတ်ဘူး။စတားလုံးရဲ့ရမ်ဘိုလိုကါးမျိုးဘဲ။ဗမာပြည်မှာလဲတစ်ခါကအေရာဝတီဇာတ်ကါးနဲ့ဘီလူးဇာတ်ကါးမှာတ
ပြည်လုံးကဘီလူးဇာတ်ကါးကိုအုံးအုံးကြွက်ကြွက်အားပေးခဲ့တယ်။ပရိဿတ်အခြေအနေကဒီလောက်ဘဲရှိတယ်။
၂၀၁၅ ရွေးကေါက်ပွဲမှာဘယ်ပါတီတိုင်းပြည်ကို
ဘယ်လောက်စေတနာထားပါတယ်ဆိုဆိုမဲတစ်
ပြားကိုငွေကျပ်တစ်သိန်းပေးဝယ်နိုင်တဲ့ပါတီရှိရင်အဲဒီပါတီနိုင်မှာဘဲ။တရုပ်ကြီးပေးနိုင်ရင်တရုပ်ကြီးနိုင်မှာဘဲ။ကုလားကြီးပေးနိုင်ရင်ကုလားကြီးနိုင်
မှာဘဲ။နေ့စားငွေ၃၀၀၀ကျပ်နဲ့အဖမ်းမခံရဘူးဆိုတဲ့အာမခံချက်နဲ့တောင်ကိုယ်တခါမှမသိတဲ့သူတွေကိုရက်ရက်စက်စက်ရိုက်နှက်ရဲတဲ့သူတွေရှိသေးတာဘဲ။
လွှတ်တော်နိုင်ငံရေးလုပ်မယ်ဆိုရင်တော့
ပရိဿတ်အကဲသိဘို့လိုမယ်။
တခါတခါအမှန်တရားဟာကြောက်မက်ဖွယ်
ကေါင်းတယ်။
"ဒေါ်စုဖိတ်တာကိုတပ်မတော်သားတွေဘာကြောင့်ငြင်းခဲ့ရတာလဲ"
ဒီရက်ပိုင်းအတွင်းမှာ …
အန်အယ်လ်ဒီ ပါတီအပေါ် …
ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်စေတဲ့  ….
ဖြစ်စဉ်ကြီး နှစ်ခု ဖြစ်ပွားခဲ့တယ် …
ပထမ တစ်ခုကတော့ ….
မုံရွာခရိုင် ၊ ချောင်းဦးမြို့ နယ်က ဟောပြောပွဲမှာ …
အန်အယ်လ်ဒီပါတီ ပြန်ကြားရေး အဖွဲ့ ဝင် …
ဦးထင်လင်းဦး ရဲ့ ဟောပြောချက်တွေ ဖြစ်ပြီး …
ဒုတိယတစ်ခုကတော့ …
၂၄.၁၁.၂၀၁၄ မှာ ထုတ်ပြန်ခဲ့တဲ့  …
အန်အယ်လ်ဒီ ရဲ့ ကြေငြာချက်ဖြစ်တယ် …
ချောင်ဦးဟောပြောပွဲ အခွေဟာ …
ဗုဒ္ဓဘာသာ ရွာထောင်ပေါင်းများစွာကို …
လျှင်လျှင်မြန်မြန်ပဲ ပြန့် နှံ့ စီးဆင်းတယ် …
မြို့ ပြလူထု အတော်များများလဲ …
ဦးထင်လင်းဦး နာမည်ကို အလွတ်ရသွားတယ် …
သေချာတာတစ်ခုကတော့ …
ဒီအခွေကို ကြည့်မိတဲ့ သူ အားလုံးဟာ …
အတော်ကြာကြာလေး ကြောင်အမ်းအမ်းဖြစ်နေပြီး …
မနှစ်မျို့  တဲ့  ခံစားချက်က …
တဖြည်းဖြည်း တစိမ့်စိမ့် ဖြစ်ပေါ်လာစေတယ် …
အန်အယ်ဒီကတော့ …
ဒါ သူတို့ နဲ့  မဆိုင်ပါဘူးလို့  ...
ကြေငြာချက်ထုတ်တယ် …
ဒါပေမယ့်  ပြသနာက …
အခွေထဲက ဟောပြောပွဲ စင်မြင့်နောက်ခံမှာ …
အန်အယ်လ်ဒီ အလံက ပြူးပြူးကြီး ဖြစ်နေတယ် …
ဟောပြောတဲ့ သူကလဲ …
အန်အယ်လ်ဒီက ဗဟို ပြန်ကြားရေး အဖွဲ့ ဝင်ဖြစ်နေတယ် …
ပွဲစီစဉ်တဲ့ သူကလဲ …
ချောင်းဦးအန်အယ်လ်ဒီ အဖွဲ့ က ဖြစ်နေတယ် …
ဘယ်လိုပဲပြောပြော …
ကျေးလက်ဒေသက …
ဗုဒ္ဓဘာသာရွာ ထောင်ပေါင်းများစွာ ရဲ့  စိတ်ထဲမှာ …
ရွာဦးကျောင်းဆရာတော် ထောင်ပေါင်းများစွာရဲ့ စိတ်ထဲမှာ….
ဒဏ်ရာအနာတရ တစ်ခုတော့ ဖြစ်သွားခဲ့ရပြီ….
ဒါဟာ လက်မည်းကြီးကြောင့်လဲ မဟုတ် …
နောက်ကွယ်က ကြိုးကိုင်မှုကြောင့်လဲ မဟုတ် …
ကိုယ့်ဖာသာ ကမြင်းကြောဆွဲတာလွန်သွားပြီး …
ကိုယ့်ဖာသာ မှောက်ရက်လဲတဲ့  ကိစ္စပဲ ဖြစ်တယ် ….
ဒုတိယတစ်ခုကတော့ …
သေဆုံးသွားတဲ့  ကေအိုင်အေ ဗိုလ်လောင်းတွေအတွက် …
လွန်စွာ ၀မ်းနည်းရပါတယ် ဆိုတဲ့  ကြေငြာချက်ပဲ …
ဒီကြေငြာချက်ကို …
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရဲ့  …
ဆုံးဖြတ်ချက်အရ ထုတ်ပြန်တယ်လို့  ဆိုတယ် …
ဒီကြေငြာချက်ဟာ …
တပ်မတော် အသိုင်းအ၀ိုင်းကို …
အတော် အံအားသင့် ...
တုန်လှုပ်သွားစေတဲ့  သဘောရှိတယ် ..
၂၀၁၅ မှာ အစိုးရ ဖြစ်လာနိုင်ဖွယ်ရှိတဲ့  ပါတီကြီးရဲ့  …
တပ်မတော် အပေါ်သဘောထားက …
ဒီလိုလားဆိုတဲ့  ကိစ္စပဲ …
ဒါဟာ ...
တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကိုတင် …
ရိုက်ခတ်သွားစေတာ မဟုတ် …
အောက်ခြေ စစ်သည်တွေ အထိလဲ ….
ပြင်းပြင်းထန်ထန် ရိုက်ခတ်တယ် …
အန်အယ်ဒီ ရဲ့  ဒီကြေငြာချက်ကို …
တပ်မတော် အသိုင်းအ၀ိုင်းက …
မေးခွန်းနှစ်ခု ပြန်ထုတ်တယ် …
ကေအိုင်အေ ရဲ့ တိုက်ခိုက်မှုကြောင့် …
ထိခိုက်ကျဆုံး ဒဏ်ရာရ ခဲ့ ကြတဲ့  …
အရပ်သား ၊ စစ်သားပေါင်းများစွာ ရှိတယ် ….
အန်အယ်လ်ဒီက အဲဒီတုန်းက ….
ဘာဖြစ်လို့  ၀မ်းနည်းကြောင်း ကြေငြာချက်မထုတ်ဘဲ …
အခု ကေအိုင်အေ အထိနာမှ …
ဆတ်စလူးခတ်ပြီး ...
ကြေငြာချက် ထထုတ်ရသလဲ ဆိုတဲ့  အချက်ရယ် …
ငြိမ်းချမ်းရေး ထိခိုက်မှာစိုးလို့ …
ကြေငြာချက် ထုတ်ရတာပါလို့ ဆိုရင် …
ကေအိုင်အေ ဗိုလ်သင်တန်းကို အမြောက်မှန်မှ …
ငြိမ်းချမ်းရေး ထိခိုက်မှာလား …
ကာမိုင်းရဲစခန်း မီးရှို့ ခံရပြီး …
ရဲတွေ အသတ်ခံရတာကြတော့ …
ငြိမ်းချမ်းရေးကို မထိခိုက်ဘူးလားဆိုတဲ့  …
မေးခွန်းတွေ ပေါ်လာခဲ့တယ် ….
တပ်မတော်သားတွေ ရှေ့ တန်းထွက်ရင် …
ကျန်ခဲ့တဲ့  မိသားစုတွေဟာ …
နောက်တန်းမှာ အမြဲတန်းရင်တထိတ်ထိတ်နဲ့  …
စောင့်ဆိုင်းနေရတယ် ….
ဘယ်လိုင်းခန်းက မဘယ်သူရဲ့ ယောက်ျား …
ဆရာဘယ်သူ ကျသွားလို့ ဆိုတဲ့  ဖြစ်ရပ်မျိုးကို ….
တပ်မတော် တပ်ရင်းတွေတိုင်း …
စစ်သည် မိသားစုတွေတိုင်း …
အနည်းနဲ့ အများ အားလုံးကြုံဖူးကြတယ် …
ဒီလိုအနေအထားမှာ …
ကေအိုင်အေဗိုလ်လောင်းတွေ သေတာ ၀မ်းနည်းပါတယ် …
ထိခိုက်နစ်နာသူတွေ အတွက်…
ကျေနပ်လောက်အောင် ဖြေရှင်းပေးပါဆိုတဲ့  …
အန်အယ်ဒီ ရဲ့ ထုတ်ပြန်ချက်ဟာ …
တပ်မတော် မိသားစုဝင်တွေ စိတ်ထဲ …
ပြင်းပြင်းထန်ထန် နာကျည်းသွားစေတယ် …
ဒီကိစ္စဟာ တပ်မတော်သားတွေကိုတင်…
စိတ်ထိခိုက်စေတာ မဟုတ်ဘဲ …
သူတို့ ရဲ့ ဇနီး၊သားသမီးတွေနဲ့  …
မိဘ၊မောင်နှမ၊ဆွေမျိုး အားလုံးကိုပါ ….
အကြီးအကျယ် ...
စိတ်အနှောက်အယှက် ဖြစ်စေမယ်ဆိုတာ …
အန်အယ်လ်ဒီအနေနဲ့  …
ကြိုစဉ်းစားမိဖို့ ကောင်းတယ် …
အန်အယ်လ်ဒီက လိုချင်နေတဲ့  …
လတ်တလော ရည်မှန်းချက်တွေက …
ပုဒ်မ ၅၉ စလုံး နဲ့  ၄၃၆ ကို ပြင်ဆင်ရေး ...
၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနိုင်ရရေး...
ဒေါ်စု သမ္မတ ဖြစ်ရေး ...
ဒီအချက် သုံးချက် မဟုတ်လား ???
အခု ဒီဖြစ်ရပ်နှစ်ခုဟာ …
အန်အယ်လ်ဒီ ရဲ့  ရည်မှန်းချက်တွေအပေါ် …
ဘာတွေများ အထောက်အကူ ဖြစ်စေခဲ့သလဲ …?
လောလောဆယ်မှာတော့ ….
ဒေါ်အောင်ဆန်းစုကြည် ဖိတ်တဲ့ ထမင်းစားပွဲကို …
တပ်မတော်သား အမတ်တွေ လာမတက်တော့ဘူး ….
အဲဒီတော့ ….
၅၉စလုံးရယ် ၊ ၄၃၆ရယ် …
သမ္မတဖြစ်ဖို့ ရယ် …
ရွေးကောက်ပွဲမှာ ၆၇ ရာခိုင်နူန်းနိုင်ပြီး …
အစိုးရဖွဲ့ ဖို့ ရယ်ကတော့ ….
အတော် နီးစပ်လာပါပြီ ခင်ဗျ လို့ ပဲ ပြောရတော့မှာပဲ …. ။ ။
( ရဲမိုး )