Saturday, November 1, 2014

ရွှေရတုအလွမ်း

ရွှေရတုအလွမ်း
ယနေ့ရန်ကုန်စီးပွားရေးတက္ကသိုလ်နှစ်၅၀
ပြည့်ရွှေရတုသဘင်ကျင်းပသည်ကိုကြုံ
ကြိုက်ရတော့တချိန်ကဆင်နွှဲခဲ့ရသည့်ရန်
ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှစ်၅၀ပြည့်
ရွှေရတုကိုလွမ်းမိပါသည်။ကျောင်းဝင်းအတွင်းဆိုင်ခန်းများ၊စင်တင်အငြိမ့်များ၊
ကျောင်းသားကျောင်းသူများ၏အနုပညာ
စွမ်းရည်ပြိုင်ပွဲများနှင့်နေ့နေ့ညညစည်ကါး
လှပါသည်။ကျောင်းသားကျောင်းသူအား
လုံးစားသောက်ဆိုင်များတွင်စားကြ၊အထိမ်းအမှတ်အမှတ်တရလွယ်အိပ်၊ပို့စ
ကဒ်များဝယ်ကြ၊ကြည့်စရာအားပေးစရာရှိသည်များကိုကြည့်ရှုအားပေးကြနှင့်
အားလုံးပျော်နေကြပါသည်။တယောက်တည်းသမားလည်းပျော်သည်။နှစ်
ယောက်တွဲသမားလည်းပျော်သည်။
အပေါင်းအသင်းအုပ်စုလိုက်လည်းပျော်သည်။ကျောင်းသားများသာမကဆရာ
ဆရာမများလည်းပျော်ကြသည်။နှင်းမိုး
ဖွဲဖွဲအောက်တွင်အင်းဂလိပ်စာဌာနမှဆ
ရာဦးကျော်ဝင်း၊တက္ကသိုလ်မောင်ပြုံးချို
ဘောင်းဘီတို၊မြက်ဦးထုပ်၊လက်ကိုင်ဒုတ်
ဝတ်စုံပြည့်နှင့်အဓိပတိလမ်းဆိုင်ခန်းများရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်ကိုမြင်ယောင်မိပါသည်။
သို့သော်ကြာရှည်မပျော်လိုက်ရပါ။
မော်လမြိုင်တက္ကသိုလ်မှကျောင်းသားများ
နေဝင်းအစိုးရအား၊အားစမ်းပွဲစလိုက်၍
္ဒနေဝင်းအစိုးရကထိုခောတ်ထုံးစံကျောင်းပိတ်တမ်းကစားလိုက်သဖြင့်ပျော်နေသူအားလုံးအိမ်ပြန်ကြရသည်။
ရွှေရတုအလွမ်းဘဲပေါ့၊၊။ု

Friday, October 31, 2014

ရန်ကုန်မြို့နယ်များရဲ့ နာမည်တွင်လာပုံသမိုင်း


ရန်ကုန်မြို့နယ်များရဲ့ နာမည်တွင်လာပုံသမိုင်း

ကိုလိုနီခေတ်မတိုင်မီ သမိုင်းတစ်လျှောက်မှာ ဒဂုံလို့ ခေါ်ဆိုခဲ့ဖူးတယ့် ရန်ကုန်ဟာ သူ့ဘေးနားက ဆိပ်ကမ်းမြို့ကြီးတွေ ဖြစ်ခဲ့ဖူးတဲ့ ဒလ တို့ သန်လျင်တို့နဲ့စာလျှင်အနည်းငယ် မှေးမှိန်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကိုလိုနီခေတ်မှာတော့ ရန်ကုန်ဟာ နိုင်ငံတွင်းမှာတင်မကဘဲ အရှေ့တောင်အာရှမှာပါ မြို့များရဲ့ ထိပ်ခေါင်တင် “Queen Of City” ဆိုပြီး ခေါ်ဆိုခံခဲ့ရပါတယ်။ မြန်မာမင်းတွေ လက်ထက်မှာလည်း ရွှေတိဂုံဘုရားကြီးကြောင့် မင်းတွေ အမြဲရောက်ချင်ခဲ့တယ့်အရပ် ဖြစ်ပါတယ်။

ဒဂုံလို့ခေါ်ဆိုရတာဟာ ကုန်းသုံးခုအထွဋ်တွင် တည်ရှိသောရွာ “တြိကုမ္ဗနာဂရရွာ”လို့ ခေါ်ဆိုရာကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ တြိကုမ္ဗမှ တိဂုံ၊ ဒိဂုံ၊ ဒဂုံဆိုပြီး ရွေ့လျားလာတယ်လို့ ယူဆကြပါတယ်။

ရန်ကုန်မြို့နယ်တွေရဲ့ နာမည်အများစုဟာလည်း ဒီလို ဆင်းသက်လာတာဖြစ်ပါတယ်။ လက်လှမ်းမီသလောက် မြို့နယ်တွေရဲ့ နာမည်သမိုင်းကြောင်းကို ဖော်ပြလိုက်ပါတယ်။

ပုဇွန်တောင်

မွန်ဘာသာစကား ပစိုင်းဒိုးမှလာတာဖြစ်ပါတယ်။ ပစိုင်းက ငါး၊ ဒိုးက တောင်ကုန်း ဖြစ်ပါတယ်။ ရှေးအခါက ဒီနေရာမှာ တောင်ကုန်းငါးကုန်း ရှိခဲ့ပါတယ်။ ဒီကုန်းတွေက ၁ ပေတောကုန်း၊ ၂ မအူကုန်း၊ ၃ ပိန္နဲကုန်း၊ ၄ မလွှကုန်း၊ ၅ ညောင်ကုန်းတို့ ဖြစ်ပါတယ်။

အင်းစိန်

မွန်ဘာသာ စကား အင်စိင်က လာတာဖြစ်ပါတယ်။အဓိပ္ပါယ်က ရတနာကန် ဖြစ်ပါတယ်။

ကမာရွတ်

မွန်ဘာသာစကား ဖြစ်ပါတယ်။ ကမာက ရေကန်၊ရောက်ကား ရတနာဖြစ်ပါတယ်။ ဆိုလိုရင်းက ရတနာကန်ဖြစ်ပြီး ကာလကြာမြင့်တဲ့အခါမှာ မြန်မာတို့က ကမာရွတ်လို့ ခေါ်ဆိုလာကြပါတယ်။ ရှေးအခါကတော့ ရှမ်းလူမျိုးတွေ အများဆုံး နေထိုင်ခဲ့တဲ့အရပ် ဖြစ်ပါတယ်။

ဗဟန်း

ဗဟန်းလို့ခေါ်ဆိုတဲ့ မြေသားရှိရာ အရပ်ဖြစ်ပါတယ်။ ရန်ကုန်မြို့ အရပ်တွေမှာ အလွန်ရှေးကျတဲ့အရပ်ဖြစ်ပါတယ်။

ကြည့်မြင်တိုင်

အုပ်စိုးတဲ့မင်းတွေကောက်ယူတဲ့ အခွန်ငွေကြေးတွေ ဘယ်လောက်မြင့်မားပါစေ ပေးဆောင်နိုင်တဲ့အရပ်မို့ ကြေးမြင်တိုင်လို့ ခေါ်ဆိုရာကနေ ကြည့်မြင်တိုင်လို့ တွင်လာတယ်လို့ ဆိုပါတယ်။

နောက်တစ်မျိုးက ဘုရင်တွေလက်ထက်မှာ အခြားအရပ်တွေထက် ကြေးပိုထမ်းဆောင်ရတဲ့အရပ်မို့ ကြေးမြင့်တိုင်လို့ ခေါ်ဆိုခဲ့တာလို့ဆိုပါတယ်။
သူ့မှာ ဒဏ္ဍာရီလာ ပုံပြင်လည်းရှိပါတယ်။

မွန်လူမျိုး မောင်ကန်ဟာ ထွက်ရပ်လမ်း ပုဂ္ဂိုလ်တစ်ဦးနှင့်တွေ့ပြီး လူစွမ်းကောင်း ဖြစ်သွားပါတယ်။ ဂန္ဓလရဇ်တရုတ်ပြည်ကို ရောက်သွားပြီး တရုတ်မင်းဥတိက သူ့သမီးတော်နဲ့ပေးစားပြီး သူကောင်းပြုပါတယ်။ တရုတ်မင်းက ရွှေတိဂုံစေတီတော်က မြတ်စွာဘုရား ဆံတော်ရှင်ကို ကိုးကွယ်ချင်ကြောင်းပြောပြီး ယူခိုင်းတာကြောင့် မောင်ကန်ဟာ သူရဲ့လှံတံကိုကိုင်ပြီး မြေလျှိုးလို့လာခဲ့ပါတယ်။ လာခဲ့ရင်းနဲ့ ခရီးဘယ်လောက်ပေါက်ခဲ့ပြီကို သိချင်တာကြောင့် မြေပေါ်ကို တက်ကြည့်တဲ့အခါမှာ ရွှေတိဂုံဘုရားကိုမြင်လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး ခဏအနားယူပါတယ်။ ဘုရားကြီးကိုကြည့်၍ မြင်သောအရပ်မို့ ကြည့်မြင်တိုင်လို့ တွင်စေခဲ့ပါတယ်။

စမ်းချောင်း

စမ်းချောင်းကို ၁၂၂၀ ပြည့်နှစ်မှာ ရှမ်းလူမျိုးတွေက တောကိုရှင်းပြီး ရွာတည်ပါတယ်။ ရွာကိုဖြတ်ပြီး စမ်းချောင်းလေးတစ်ခု စီးနေတာကြောင့် စမ်းချောင်းလို့ ခေါ်တွင်စေခဲ့ပါတယ်။ အင်္ဂလိပ်တို့ အောက်မြန်မာနိုင်ငံကို သိမ်းတဲ့အခါမှာ ရှမ်းလူမျိုးတွေဟာ ဘိုးဘွားပိုင်ဂရန်မြေတွေနဲ့ ဆက်လက်ပိုင်ဆိုင်ခဲ့ပါတယ်။ ရွာလေးဟာ ဖက်ပင်၊ အုန်းပင်တွေနဲ့ စိမ်းစိုတဲ့ ရွာလေးလို့ဆိုပါတယ်။

အလုံ

မုံရွာအလုံအရပ်ကလူတွေ လာရောက်အခြေချ နေထိုင်တာကြောင့် အလုံလို့ခေါ်ခဲ့ပါတယ်။ လှေသမ္ဗန်တွေနဲ့ အရောင်းအဝယ်ကောင်းတဲ့ အရပ်ဖြစ်ခဲ့ပါတယ်။

ရှေးအခါက မြွေကြီးတစ်ကောင်ဟာ သွားလာရာခရီးသွားတွေကို တားမြစ်တတ်တဲ့အရပ်မို့ တားမွေ နောက်တော့ တာမွေ၊ ဆံတော်ရှင်တွေသယ်လာတဲ့ ကုန်သည်ညီနောင်ကို ဗိုလ်ခြေတစ်ထောင်နဲ့ ကြိုဆိုခဲ့တဲ့အရပ်မို့ ဗိုလ်တစ်ထောင် စတဲ့အရပ်ပြော သမိုင်းတွေလည်းရှိပါတယ်။
ရှာဖွေလို့ ရသလောက်ကို ဆက်လက်ဖော်ပြသွားပါ့မယ်။

Ref : History of Yangon by Nagabo Tait Tin Dwe
ရန်ကုန်ရာဇဝင် - ဦးသိမ်းမောင်
ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီသမိုင်

Credit : iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)

http://www.imyanmarhouse.com/news/read/369988
LikeLike · · Share · October 25 · Edited

Sunday, October 5, 2014

ကိုးကွယ်ရာဘာသာတရားရှာပုံတော်

ကိုးကွယ်ရာဘာသာတရားရှာပုံတော်
ဆင်ခြင်တုံတရားနဲ့ကိုးကွယ်ရာတရားရှာ
ရင်တော့မတွေ့သလောက်ရှားပါလိမ့်မယ်။
ယုံကြည်မှု့နဲ့ကိုးကွယ်ရာဘာသာတရားရှာတယ်ဆိုရင်တော့ပထမဆုံးတွေ့တဲ့ဘာသာတရားကိုဘဲကိုးကွယ်လိုက်ပါ။နောက်တွေ့တဲ့ဘာသာတရားတွေကလည်းဘာမှထူးမှာမဟုတ်ပါဘူး။

ကိုယ်ပိုင်စဉ်းစားဆင်ခြင်သုံးသပ်မှု့ကင်းမဲ့လျှင်

ကိုယ်ပိုင်စဉ်းစားဆင်ခြင်သုံးသပ်မှု့ကင်းမဲ့လျှင်
မြတ်စွာဘုရားထံမရောက်ဘဲ၊စေတီ၊ပုထိုး၊ဆင်းတုထံတွင်အဆုံးသတ်တတ်သည်။
တရားထံမရောက်ဘဲ၊ကျမ်းဂန်နှင့်အ
ဟောအပြောတွင်အဆုံးသတ်တတ်
သည်။
ရဟန်းသံဃာထံမရောက်ဘဲဘုန်းကြီး
တွင်အဆုံးသတ်တတ်သည်။

ကိုးကွယ်ရာဘာသာတရားများ

ကိုးကွယ်ရာဘာသာတရားများ
နားလည်မှယုံကြည်ပါ။
ယုံကြည်မှကိုးကွယ်ပါ။
ကိုးကွယ်လို့ယုံကြည်တာယုတ္တိမဲ့ပါသည်။
အကြောင်းကြောင့်သာအကျိုးဖြစ်ပါသည်အကျိုးကြောင့်အကြောင်းဖြစ်ရိုးထုံးစံမရှိပါ။

ပုလိပ်ရုံးဝိုင်း


ပုလိပ်ရုံးဝိုင်း

ရန်ကုန်တွင် ပထမဆုံးအကြိမ် ပုလိပ်ရုံးကြီးကိုဝိုင်းပါသည်။ပီဒလျုတီ အလုပ်သမားများ သပိတ်မှောက်၍ ဒေါ်စောမြ ဦးဆောင်ပြီး ယခုဝန်ကြီးများရုံးကိုဝိုင်းကြလေသည်။ထိုစဉ်က ပြည်ထဲရေးဝန်ကြီးမှာ ဘကြီးဖေ ဖြစ်၍ ဒေါ်စောမြ ကိုလဲရိုက်၍ဖမ်း၊အလုပ်သမားများကိုလဲရိုက်၍ဖမ်းသည်။ထိုသို့ ပြုလုပ်သည်ကိုမကျေနပ်၍ ငါးခရိုင်၊အလုပ်သမားများစုစည်းပြီး ဗဟိုကော်မတီ ကိုထွန်းရင် ဦးစီးသည့်  အုပ်စုတစ်စု၊ကိုထွန်းသန်းဦးစီးသည့် အုပ်စုတစ်စုတို့ က နှစ်စုခွဲပြီး အတွင်းဝန်ရုံးကိုဝိုင်းကြလေသည်။ သခင်စိုးက အသံချဲ့ စက်တင်ထားသည့်  ဂျစ်ကားဖြင့်  အမိန့် ပေးညွန်ကြားနေပါသည်။

ထိုသို ဝိုင်းစဉ့် ပုလိပ်များက မျက်ရည်ယိုဗုံးဖြင့် ပစ်၊ဝါးရင်းတုတ်ဖြင့် ရိုက်သဖြင့် အတော်များများ ဒဏ်ရာရကြသည်။လူအတော်များများလဲ အဖမ်းခံရသည်။မနှင်းမေ၊ကိုထွန်းသန်း၊မညွန့် ညွန့် ၊ကိုထွန်းရင်တို့ အဖမ်းခံရပြီး
၁၆လမ်းဘက်တွင် သခင်စိုးကိုမိသွားပါသည်။

နားလည်တယ်ဆိုတာဘာလဲ

နားလည်တယ်ဆိုတာဘာလဲ။What is understand.lနိဗ္ဗာန်ကိုနားလည်ဘို.နီိဗ္ဗာန်ဟာအရှိတရားလား။မရှိတရားလား။Blind faithနဲ့ဘဲလက်ခံထားရမှာမဟုတ်လား။ငါဆိုတာတကယ်မရှိဘူးလို့ပြောတယ်။နားလည်လက်ခံလို့ရလား။
  • You and 3 others like this.
  • Hla Myaing နားလည်တယ်ဆိုတာကြားဖန်များ
    တဲ့စကါးလုံး၊စကါးစု၊တရားစကါး
    တွေကိုကြားဖန်များလို့ဆိုလိုတဲ့အ

    ဓိပ္ပါယ်နားမလည်ဘဲနားလည်သ
    ယောင်ယောင်လက်ခံထားတာမျိုးမဟုတ်ဘဲ၊တကယ့်ဆိုလိုရင်း
    အဓိပ္ပါယ်ကိုနားလည်သဘောပေါက်တာကိုပြောတာပါ။တရားရဲ့ဆို
    လိုရင်းအဓိပ္ပါယ်ကိုနားလည်ပြီးတဲ့နောက်အဲဒီတရားအဆိုပြုချက်
    မှန်၊မမှန်ကိုခောတ်အလိုက်တွေ့ရှိ
    ပြီးတဲ့အချက်အလက်၊ကိုယ်ပိုင်
    စဉ်းစားဥာဏ်၊သဘာဝယုတ္တိတွေနဲ့ချိန်ထိုးကြည့်တဲ့အခါအဲဒီတရား
    မှန်ကန်ကြောင်းတွေ့ရှိရရင်အဲဒီတရားကိုယုံကြည်လာတယ်။
်အဲဒီနောက်ကိုးကွယ်မှုဖြစ်လာ
    တယ်။အဆိုပြုချက်တိုင်းမှန်တယ်ယုံကြည်ပေမဲ့ကိုးကွယ်မှု့ဖြစ်မလာဘူး။အစၥလမ္ဘာသာကကိုး
    ကွယ်မှု့ဖြစ်သွားပြီးကွန်မြူနစ်ဝါဒ
    ကယုံကြည်ချက်ဖြစ်လာတယ်။
    ခောတ်အလိုက်တွေ့ရှိတဲ့အချက်
    အလက်ဆိုတာကခောတ်တ
    ခောတ်မှာကမ္ဘာပြားတယ်၊ခောတ်တခောတ်မှာကမ္ဘာလုံးတယ်။
    ခောတ်တခောတ်မှာကမ္ဘာကနေ
    ကိုယ်ပါတ်တယ်။ခောတ်တခောတ်မှာနေ ကကမ္ဘာကိုပါတ်တယ်။
    လူခြင်းတွေ့မှတရားငြင်းကြတာ
    ပေါ့ဗျာ။်