Sunday, October 5, 2014

ပုလိပ်ရုံးဝိုင်း


ပုလိပ်ရုံးဝိုင်း

ရန်ကုန်တွင် ပထမဆုံးအကြိမ် ပုလိပ်ရုံးကြီးကိုဝိုင်းပါသည်။ပီဒလျုတီ အလုပ်သမားများ သပိတ်မှောက်၍ ဒေါ်စောမြ ဦးဆောင်ပြီး ယခုဝန်ကြီးများရုံးကိုဝိုင်းကြလေသည်။ထိုစဉ်က ပြည်ထဲရေးဝန်ကြီးမှာ ဘကြီးဖေ ဖြစ်၍ ဒေါ်စောမြ ကိုလဲရိုက်၍ဖမ်း၊အလုပ်သမားများကိုလဲရိုက်၍ဖမ်းသည်။ထိုသို့ ပြုလုပ်သည်ကိုမကျေနပ်၍ ငါးခရိုင်၊အလုပ်သမားများစုစည်းပြီး ဗဟိုကော်မတီ ကိုထွန်းရင် ဦးစီးသည့်  အုပ်စုတစ်စု၊ကိုထွန်းသန်းဦးစီးသည့် အုပ်စုတစ်စုတို့ က နှစ်စုခွဲပြီး အတွင်းဝန်ရုံးကိုဝိုင်းကြလေသည်။ သခင်စိုးက အသံချဲ့ စက်တင်ထားသည့်  ဂျစ်ကားဖြင့်  အမိန့် ပေးညွန်ကြားနေပါသည်။

ထိုသို ဝိုင်းစဉ့် ပုလိပ်များက မျက်ရည်ယိုဗုံးဖြင့် ပစ်၊ဝါးရင်းတုတ်ဖြင့် ရိုက်သဖြင့် အတော်များများ ဒဏ်ရာရကြသည်။လူအတော်များများလဲ အဖမ်းခံရသည်။မနှင်းမေ၊ကိုထွန်းသန်း၊မညွန့် ညွန့် ၊ကိုထွန်းရင်တို့ အဖမ်းခံရပြီး
၁၆လမ်းဘက်တွင် သခင်စိုးကိုမိသွားပါသည်။

No comments:

Post a Comment