Tuesday, December 30, 2014

Thiha Thwe's ။ လက်ပံတောင်း ဒေသ ဦးပိုင် ကုမ္မဏီ

တခုတော့ သတိပေးချင်တယ် ။ လက်ပံတောင်း ဒေသ မှာ ကြေးနီရှာဖွေ ထုတ်လုပ်ဖို့ အစိုးရ က ခွင့်ပြုလိုက်တာ ဦးပိုင် ကုမ္မဏီကိုပါ ။ ဦးပိုင် ကုမ္မဏီ က မှ သူ နဲ့ ဖက်စပ်လုပ်ဖို့ နည်းပညာ နဲ့ တူးဖေါ်စားရိတ် တက်နိုင်တဲ့ ဝမ်ပေါင်ကို စာချုပ် ချုပ်ပြီး ခေါ်သွင်း လာတာပါ ။ ဦးပိုင် နဲ့ အစိုးရ က လက်မခံပဲ ဝမ်ပေါင် က အဲဒီ မြေပေါ်မှာ ဘာမှ လုပ်လို့မရပါဘူး ။ ဒီနေ့ အစိုးရ နဲ့ ဦးပိုင် က စာချုပ် ဖျတ်သိမ်းလိုက်ရင်နောက်နေ့ ဝမ်ပေါင် အိမ်ပြန်သွား ရမှာပါ ။ ကုတ်ကပ်နေလို့ မရပါဘူး။ တကယ် ဝမ်ပေါင်ထွက်သွားစေချင်ရင် ဒါမှမဟုတ် စီမံကိန်း ရပ်သွားစေချင်ရင် ခင်ဗျားတို့ ဦးတည် တောင်းဆိုနေတဲ့ ပစ်မှတ်ကမှားနေပြီဆိုတာ သတိပေးပါရစေ ။
နောက်တခု က တရုတ်အစိုးရ နဲ့ ဝမ်ပေါင်ကို ခွဲပြီး နားလည်ကြဖို့ပါ ။ ကမ္ဘာ့ နိုင်ငံ အများအပြား မှာ ရင်းနှီးလုပ်ကိုင်နေတဲ့ တရုတ် ကုမ္မဏီတွေ ရာထောင်ချီပြီး ရှိပါတယ်။ သူ ဟာသူ ကိုယ်ပိုင်စွန့်စားမှု ကိုယ်ဖြစ်ကိုယ်ခံမူ နဲ့လုပ်ကိုင် နေကြတာပါ။ အမေရိကန်ကုမ္မဏီ ကိုပဲ လာစေချင် လို့ လုပ်ပိုင်ခွင့်ပေးရင်တောင် အမေရိကန် ကုမ္မဏီ က လုပ်ငန်းအဆင့်ခွဲတွေ မှာ တာဝန်ယူ လုပ်ကိုင် ဖို့ တရုတ် ကုမ္မဏီတခု ကို ငှားရမ်းပြီးစေလွှတ်ခဲ့ မယ်ဆိုရင် အဲဒိနည်းနဲ့လည်း တရုတ်ကုမ္မဏီ တွေ ရောက်လာနိုင်ပါသေးတယ်။ ဈေးကွက် စီးပွားရေး စနစ်မှာ သိပ်ပြီး အစွဲအလန်းထားလို့ မရဘူး ။ တကယ် ကျွန်တော် တို့ မကြိုက်တာက ပထဝီ နိုင်ငံရေး အရ အသာစီး ရဖို့ အရင် စစ်အစိုးရ ကို မျတ်စိမှိတ်ထောက်ခံ ပြီး နိုင်ငံရေး အရ ကြောထောက်နောက်ခံပေးခဲ့တဲ့ တရုတ် အစိုးရ ရဲ့ ပေါ်လစီပါ ။ သူလည်း အခု ဒီ ဒဏ်တွေ ခံ နေရတာ ပါ။ ခင်ဗျားတို့ တခု စဉ်းစားကြည့်ပါ .. အစိုးရဟာ တရုတ် ကုမ္မဏီ နဲ့ သဘောတူထားတဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ပစ်ရဲပေမယ့် တရုတ် အာဏာပိုင် တွေ အလိုရှိနေတဲ့ ကိုယ့်နိုင်ငံသား နော်ခမ်း ကို တရုတ်အစိုးရ အာဏာပိုင် လက်ထဲ မထည့်ပဲ မနေရဲဘူး ။ နောက်တခု က အမေရိကန် စီးပွားရေးပိတ်ဆို့ ထားတဲ့ အချိန်မှာ တရုတ် ကုမ္မဏီ တွေက အပိုင်ပဲ ဆိုပြီး ဒလဟောဝင်မလာ ဘူး။ စီးပွားရေး ဟာ စီးပွားရေး ပဲ ၊စီးပွားရေးဟာ နိုင်ငံရေးနဲ့ ဆက်နွယ် ပတ်သပ်မှု မကင်း ပေမယ့် သူ့ အတိုင်းအတာနဲ့ သူ့ အကျိုးအကြောင်း နဲ့သူပါ ။ နိုင်ငံရေး အရ အားပေးချင်တာနဲ့ အရှုံးခံပြီး ဘယ်သူမှ စီးပွားရေးလာမလုပ်ဘူး။ တရုတ် နဲ့ ပါတ်သပ် ရင် ဘဝင်မကျစရာတွေ ၊ မကျေနပ်စရာတွေ များပေမယ့် ကျွန်တော်တို့ ဆီမှာ လူထု အနေ နဲ့ ရော နိုင်ငံရေး အရပါ အရေးယူ တုန့်ပြန် တဲ့နေရာ မှာ ရောထွေးပြီး ချဉ်းကပ်ပုံ မှားယွင်း နေတယ် လို့ မြင်ပါတယ်။ လူဦးရေ ပေါက်ကွဲ ယိုဖိတ်မှုရယ် ၊ လူကုန်ကူးမှုရယ် ၊ မှောင်ခိုကုန်သွယ်မှု နဲ့ စီးပွားရေးမသမာမှုရယ်၊ နိုင်ငံရေးစွတ်ဖက် လွှမ်းမိုးမှုရယ် ၊ စနစ် တကျ နဲ့ ခွဲပြီး မကိုင်တွယ် နိုင်ရင် မကျေနပ်ချက်တွေ အသံကုန်အော်ရင်း ရလဒ် မထွက်ပဲ တဖြည်းဖြည်း နစ်မြုတ်ပျောက်
ကွယ်သွား ရမှာပါ။ တရုတ်သံရုံးရှေ့ မှာ ဆန္ဒပြတာတော့ ပြရမှာပါ။ ဒါပေမယ့် တရုတ် အစိုးရ ကို ထိထိ ရောက်ရောက် ကျယ်ကျယ် လောင်လောင်ဘာသိစေချင်လဲ၊ ဘာပြောမလဲ ဆိုတာ အရေးကြီးပါတယ်။ မုန်းတီးရေးတွေ ချည်းပြောမယ်ဆိုရင် ပယောဂ လို့ပဲတွက်ဆသွား မှာပါ။
ဒီနေရာမှာ လက်ပံတောင်း အဖိနှိပ်ခံ ပြည်သူတွေ ကို သွေးထိုးနေတာ မဟုတ် ကူညီနေ တာပါဆို တဲ့ ပုဂ္ဂိုလ်တွေ ကလည်း ကာယကံရှင် လယ်သမား တွေ ကိုဘယ်လောက် နားလည်အောင်ရှင်းပြထား လဲ ။ ဥပဒေကြောင်း အရ ဖြစ်နိုင်ခြေတွေ နိုင်ငံရေး အကျိုးဆက် တွေကို ဘယ်လောက် ရှင်းပြထားလဲ၊ ဆိုတာအရေးကြီးပါတယ်။ တခါက ဝမ်ပေါင် တရုတ် ဝန်ထမ်း ၂ယောက် ကို ဆန္ဒပြရွာသားတွေ က ဖမ်းထားခဲ့ တာဟာ ဥပဒေ ရှု့ဒေါင့် ကကြည့် ရင် ရွာသားတွေ အတွက် အန္တရယ်များလွန်း ပါတယ်။ ရဲ က ပုံကြီးချဲ့ပြီး အကြမ်းဖက် နှိမ်နင်း ချင်ရင် နှိမ်နင်းနိုင်ဖို့ အခြေအနေဖန်တီးပေးသလို ဖြစ်ခဲ့ တယ်။ ဒိလို အကျိုးအပြစ် ကို ဝေဖန် ပိုင်းခြား နိုင်အောင် သိသင့်သိထိုက် တာတွေ ပြောမ ထား ပဲ တိုက်ပွဲလမ်းကြောင်းတွေ ပဲဖေါ်နေခဲ့ မယ်ဆိုရင် ပြဿနာ ကိုမွေးထား ရုံ သက်သက် အတွက် မသိနား မလည်တဲ့ သူတွေကို အသေခံ ဗုံးခွဲ ခိုင်းနေတာနဲ့ ဘာမှ မထူးဘူးလို့ ပြောပါရစေ။
Unlike · ·
  • You, Chaw Htet Myat and 337 others like this.
  • Aung Khaine Minn ဟုတ်တယ်အစ်ကို ရွာသားတွေကို ကူညီနေတဲ့သူတွေ အနီးကပ်အကြံပေးတွေ က ပါးနပ်မှရမှာ အပြုတ်တိုက်ရေးလုပ်ဖို့ချည်းစဉ်းစားလို့မရဘူးထင်တယ်
  • Aung Khin Myint တရုတ်ကုမဏီတွေ အမေရိကားနဲ့ အီးယူမှာတော့ နယ်မြေခံ တရုတ်သံရုံးကို ကျော်ပြီး ၀င်မလာကြဘူး ... ဒါကြောင့် အကို ပြောသလို တရုတ်နဲ့ ၀မ်ပေါင်ကို ခွဲပြီး နာလည်းဖို့ဆိုတာ နည်းနည်းထက် ပိုပြီးခက်ပါတယ် ... ၀မ်ပေါင်က လက်နက်ထုတ်လုပ်ရေး လက်အောက်ခံ ကုမဏီ ဆိုတော့ ပိုဆိုးတာ...See More
  • Thiha Thwe အမေရိကန်၊ဂျပန်၊ EU ကိုရီယား ခေါင်းဆောင်တွေ ဘယ်သွားသွား သူ တို့ နဲ့ နီးစပ်ပြီး တနည်းနည်း ပတ်သပ်တဲ့ စီးပွားရေး ကုမ္မဏီတွေ တပါတည်းပါလာလေ့ရှိပါတယ်။ ဦးသိန်းစိန်တောင် အဲလိုခေါ်သွားတဲ့ မြန်မာစီးပွားရေးသမားတွေ တောင်ရှိပါတယ် ။ ဒါဟာ အစိုးရက ကိုယ့်တိုင်းပြည် က စီး...See More
  • Aung Khin Myint လက်ရှိ အစိုးရက အန်တီစုကို ပြသနာဖြေရှင်းရေး ကော်မတီ ဆိုပြီး လုပ်လိုက်တာ ... ဟိုအရင်တခါ လက်ပံတောင်းတောင် ဒေသခံဆီ အန်တီသွားတော့ ဒေသခံတွေက အန်တီအပေါ် အစိုးရက လွှတ်လိုက်တဲ့ အစိုးလူဆိုပြီး အထင် အမှားခံရတယ်... တကယ်လို့ ဒီစီမံကိန်းကို အစိုးရအနေနဲ့ No ပြောနိုင်တဲ...See More
  • Thiha Thwe တရုတ် နိုင်ငံနဲ့ တနည်းနည်း ပတ်သပ်နေတဲ့ ပြဿနာ တွေ အားလုံး ကို တရုတ်လို့ လုံးထွေးပြီးပြာတာ ဖြေရှင်းတဲ့ အဆင့် ကို မရောက် နိုင်ပါဘူး ။ တချို့ ပြဿနာ က နိုင်ငံခြားရေးမူဝါဒ နဲ့ ဆိုင်တယ်။ လွှတ်တော် နဲ့ အစိုးရ ကို ဖိအားပေးပြီး ကိုင်တွယ်မှရမယ် ။ တချို့ပြဿနာ ကျတေ...See More
  • Aung Khin Myint မြန်မာက တရုတ်ကို ... ငါတို့ကို အီးယူတို့ သြစီတို့ အမေရိကန်တို့ကို ဆက်ဆံသလို ဆက်ဆံပါလို့ ပြောရင် တရုတ်ကတော့ ချက်ချင်း လက်ခံမယ် မထင်ဘူး ... စီးပွားပိုင်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုကို ပြောတာပါ ... မြန်မာအပေါ် ထားတဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်းဖို့ ဆိုတာကတေ...See More
  • Thiha Thwe ကိုအောင် .. စိုးရိမ်တာ မမှားဘူး ၊ ဒါပေမယ့် ဖြေရှင်း ဖို့ စဉ်းစားရင် လူနာ ကိုခွဲစိတ်မယ့် ဆရာဝန် လို စိတ်ကိုရှင်းပြီး တည်တည်ငြိမ်နဲ့ ကလီစာတွေ တခုချင်းစီ ကို အသအခြာကြည့် နိုင်ရမယ် ... မြန်မာ နိုင်ငံရဲ နိုင်ငံရေး ဟာ အမှောင်ထဲ ကနေ အလင်းထဲရောက်ဖို့ လိုတယ်။ အ...See More
  • Aung Khin Myint (ကျနော် စိုးရိမ်းတာပါ ...) ... လက်ပံတောင်း အတွက် တစ်နိုင်ငံလုံးက အစိုးရကို သပိတ်မှောက်ကြမယ် .... လက်ပံတောင်း + အမျိုးသားပညာရေး ဥပဒေ+ ၄၃၆+ ခြေဥ ပြင် ... တွေနဲ့ ဆို ပွဲက တော်တော် မြိုင်သွားမယ် ... အဲဒီအခါ ကြရင် တရုတ်ထောက်လှမ်းရေး (၀တ်စုံ မ၀တ်ထားတဲ့ တရုတ...See More
  • Aung Khin Myint ဗီယက်နမ်တို့ ဂျပန်တို့ ကျတော့ အစိုးရက အတိုက်အခံကို မွေးပြီး တရုတ်ကို ၀ိုင်း ခိုင်းလိုက်တယ် ... နောက်မှ အစိုးရက ၀င်ပြီး ဟန့်တားသလိုလိုနဲ့ ပွဲရပ်ခိုင်းလိုက်တာ ...
  • Nwe Sane ရှယ်ပြီ ဆရာရေ.
  • Thiha Thwe အခုလည်း အစိုးရက အဲဒိလို လုပ်နေတယ် လို့ ယူဆချင်ယူဆလိုရတယ်။ လက်ပံတောင်းမှာ အတိုက်အခံ ကတရုတ် ကို ပဲ ဝိုင်း ထားတာပဲလေ ။ အစိုးရ က လွတ်နေတာပဲ။ တရုတ် အစိုးရ ဖက်က တချို့ လူတွေ က မြန်မာ အစိုးရဟာ သူတို့ နိုင်ငံရေး ကစားဖို့ တရုတ် စီမံကိန်းတွေကို အသုံးချနေတယ် လို့ စွတ်စွဲတဲ့လူတွေရှိတယ်။ ခုလည်း အစိုးရက လက်ပံတောင်း ပစ်မှတ်ထဲ မှာပျောက်နေတယ် တရုတ်က အဓိက ဖြစ်နေတယ်။ တာဝန်ရှိတာ က အစိုးရ ၊စာချုပ်တောင် မပြနိုင်ဘူး ။

    Aung Khin Myint
  • Hla Myaing Ko Aung Khin Myint KoThiha Thiha Thwe တို့မှန်ပါတယ်။သိန်းစိန်အစိုးရနဲ့စစ်အစိုးရပါးနပ်ပါတယ်။သူတို့ခေါင်းမခံရဲတဲ့ကုလား၊တရုပ်ကိစ္စတွေမှာလူထုလက်မခံလို့ဆိုတဲ့နည်းသုံးတတ်ပါတယ်။တပ်မတော်
    ကတိုင်းပြည်ကိုချစ်ကေါင်းချစ်မယ်။စစ်တပ်ဦးပိုင်ကတော့တိုင်းပြည်ကိုခွေးလောက်ဘဲသဘောထားတယ်။လူသူမသိတဲ့အချိန်ကစစ်
    တပ်ဦးပိုင်နဲ့ဝမ်ပေါင်ကတိုင်းပြည်ကိုအကျိုးအမြတ်ခွေးစာလောက်ရာခိုင်နှုံးဘဲပေးခဲ့တာပါ။အဲဒီကတည်းကသဘောထားအမှန်ကိုသိနိုင်ပါတယ်။
  • Latt Latt ကိုသီဟ ပြောတာလက်ခံပါတယ် ဒေသခံတွေကို ဥပဒေရေးရာတွေ နားလည်အောင် ကိုယ့်ဘက်ကလည်း အလွန်အကျွံမလုပ်မိအောင် ကိုယ့်ကိုလွန်ကျူးလာရင်လည်း ဘယ်လို ပြန်လှန်ခုခံရမလဲဆိုတာနားလည်အောင် အကြံပေးသူတွေ ကူညီသူတွေက ကူညီသင့်ပါတယ်... မြန်မာပြည်မှာ ဥပဒေနားမလည်လို့ ခုတ်ရာတခြား ရှရ...See More
  • May Thu Nyein ကျမအမြင်ကတော့ ရွာထဲမှာ စတည်းချပြီး ဒေသခံတွေကို ကူညီတယ်လို့မထင်ဘူး။ နိုင်ငံအကျိုးအမြတ်အတွက် ဒေသခံတွေကို အသုံးချနေတာ။ ဒေသခံတွေကလည်း သူတို့ရဲ့နောက်မှာ ပြည်သူတွေ့သဘောထားက ဘယ်လို ဆိတာကို မြင်နိုင်စွမ်းမရှိတော့ သူတို့ပြောသမျှနားယောင်ပြီး ကိုယ့်ဒေသလိုအပ်ချက်ကို ထိထိမိမိတောင်းဆိုဖို့ လိုအပ်တယ်။ အခုတော့ ဒေသလည်း မဖွင့်ဖြိုး အကြမ်းဖက်ခံရဖြစ်ရပြီ
  • Thiha Thwe အစိုးရ က စီမံကိန်း ဆက်လုပ်ဖို့ ဆိုတဲ့ဖက် ကို အလေးပေး အကြံပြု ထားတဲ့ ဒေါ်စု အစီရင်ခံစာ ကို အပိုင်ကိုင်ပြီး ကစားနေတာပါ ။ စီမံကိန်း ကို အကန့်အသတ်နဲ့ လက်ခံတဲ့ ဒေါ်စု နဲ့ စီမံကိန်း ကို ချွင်းချက်မရှိ ဖျက်သိမ်းဖို့ တင်းခံတောင်းဆိုနေတဲ့ ရွာသား အုပ်စု နဲ့ကြားမှာ...See More
  • Tag Than Oo ကြေးနီထုတ်ဖို့ စာချုပ်ခဲ့တာလား။
    တခြားသတ္တု အတွက် စာရင်းရှင်းဖို့လိုမယ်။
    သတ္တူတွင်းဝန်ကြီးမှာ တာဝန်ရှိပါသည်။
    20 hrs · Like · 3
  • AungWin Hlaing ဦးပိုင်နဲ့ တိုက်ရိုက် သက်ဆိုင်သလို တောင်းဆိုမှု များကိုလည်း ဦးပိုင် ကိုပါ ဆန္ဒထုတ်ဖော် တောင်းဆိုသင့်
    15 hrs · Like · 1
  • U Pyone U Pyone အရမ်းအဆင့်အတန်းရှိတဲ့ကိုသီဟ ကိုအောင်ဝင်းလှိုင် latt latt Agkhinmyint Ag khaine minnတို့ဆွေးနွေးကြတာအရမ်းကောင်းပါတယ် may thu nyein လိုစစ်အာဏာရှင်လေသံနဲ့ဝင်ဆွေးနွေးတာလဲတွေ့ပါတယ်ဘာပဲဖြစ်ဖြစ်ကျွန်နော်တို့ပြည်သူတွေညီညွတ်ကြပါ
    14 hrs · Like · 2
  • Nay Min Htein တရုပ် ပဲ ဖြစ်ဖြစ် ကုလား ပဲ ဖြစ်ဖြစ် စီးပွားရေး ကုမ္ပဏီ တွေ ကတော့ သက်ဆိုင်ရာ အစိုးရ နဲ့ သဘောတူ စာချုပ် တွေ ချုပ်ထားရင် ခွင့်ပြုချက်တွေ ရထားရင် လုပ်ကြမှာ ပဲ ဘယ် ကုမ္ပဏီ ပဲဖြစ်ဖြစ် ဒီလိုပဲ လုပ်ကြမှာ ပဲ အဓိက က ဒီ စီမံကိန်း တွေ ကို လူမသိ သူမသိ လုပ်ခဲ့ကြတယ့် ...See More
    14 hrs · Like · 1
  • ဦး ဟိန်း အပြန်လှန်နားလည်မှုနဲ့ဖြစ်သင့်တာဆွေးနွေးနေရင် ဆွေးနွေးသူနှစ်ဦးကြား စကားပျက်အောင်ချို့တဲ့အသိညဏ်နဲ့ဝင်မပြောကြနဲ့
  • Aung Khin Myint ကျနော် မှတ်ထားတချို့က (၁) အန်တီစုကို လက်ရှိ အစိုးရက ၂၀၁၁ ခုနှစ်က လွတ်ပေးလိုက်တော့ တရုတ်အစိုးရက လွတ်ပေးလိုက်ရပ့ါမလား ဆိုပြီး လက်ရှိအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တယ် (ဝေဖန်တဲ့သူက တရုတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ) (၂)လက်ရှိ မြန်မာအစိုးရဟာ စာနယ်ဇင်းန...See More
    12 hrs · Edited · Like · 2
  • Htay Hlaing နီးစပ်သူများရှင်းပြှပေးကြပါ။
  • Soe Min တော်တော်ကောင်းတဲ့ဆွေးနွေးချက်များပါ။ သဘောတူတာလည်းရှိ မတူတာလည်းရှိဆိုပေမယ့် ဆဲဆိုခြင်းများ မပါဘဲ လေးလေးစားစား ဆွေးနွေးထားတဲ့ ပို့စ် တစ်ခုမို့ ကျနော့်မိတ်ဆွေများ ဖတ်ရအောင် ရှယ်လိုက်ပါတယ်။
    5 hrs · Like · 1
  • Hla Myaing