Hla Myaing shared YoYarLay's photo.
လေဆိပ်ထဲမှာ ၁၇ နှစ်ကြာ နေထိုင်သူ
Terminal လို့ အမည်ရတဲ့ အော်စကာဆုရ ရုပ်ရှင်ဇာတ်ကားကို အတော်များများ ကြည့်ဖူးကြမှာပါ။ ယင်း ဇာတ်ကားရဲ့ အခြေတည်တဲ့ ဖြစ်ရပ်မှန် အစစ်ကတော့ Mehran Karimi Nasseri ရဲ့ ဘဝပဲ ဖြစ်ပါတယ်။

Mehran Karimi Nasseri ဟာ အီရန်နိုင်ငံသား ဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့
Charles de Gaulle အမည်ရ လေဆိပ်ကို ၁၉၈၈ ခုနှစ် သြဂုတ် ၂၆ ရက်နေ့က
ရောက်ရှိပါတယ်။ သူရောက်ရှိတဲ့ နေ့မှာပဲ အီရန်ရဲ့ နိုင်ငံရေး ပြောင်းလဲမှု
များစွာ ဖြစ်ပေါ်ခဲ့ပြီး သူ့ရဲ့ ပတ်စ်ပို့ဟာ အသုံးမဝင်တော့ပါဘူး။ ပြင်သစ်ရဲ့
လူဝင်ခွင့် ဥပဒေအရလည်း သူ့ကို နိုင်ငံတည်း ပေးဝင်လို့မရ၊ အီရန်ကိုလည်း
ပြန်ပို့လို့လည်း မရ ဖြစ်တာကြောင့် လေဆိပ်ထဲမှာပဲ နေထိုင်ရပါတယ်။ Terminal
ရုပ်ရှင်ထဲက မင်သား တွန်ဟက်ခ်က လပိုင်းသာ နေထိုင်ပေမယ့်
Mehran Karimi Nasseri အမည်ရ ပုဂ္ဂိုလ်ကတော့ ပြင်သစ်လေဆိပ်ထဲမှာ ၁၇ နှစ်တောင် နေထိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဇူလိုင်လမှ သူဟာ ထွက်ခွာခွင့် ရခဲ့ပါတယ်။
၁၇ နှစ်လုံးလုံး လေဆိပ်ထဲမှာ ခရီးသည်များ ကျွေးမွေးမှုကို စားသုံးပြီး သူတို့ပေးတဲ့ သတင်းစာများ၊ စာအုပ်များကို ဖတ်ရှုပါတယ်။ ပြင်သစ် ဘာသာစကားကော၊ အင်္ဂလိပ်ဘာသာစကားပါ သင်ကြား တတ်မြောက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဒိုင်ယာရီများ ရေးသားပါတယ်။ နောက်တော့ သူရေးသားတဲ့ ဒိုင်ယာရီကိ စာအုပ် အဖြစ် ထုတ်ရောင်းရာ အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် Terminal အမည်ရ ရုပ်ရှင်ကိုလည်း ရိုက်ကူးရာ အောင်မြင်ခဲ့ ပါတယ်။
.
အသေးစိတ် ဖတ်ရန် - http://en.wikipedia.org/wiki/Mehran_Karimi_Nasseri
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
#aungkham_yyl
#news_yyl

No comments:
Post a Comment