တခုတော့
သတိပေးချင်တယ် ။ လက်ပံတောင်း ဒေသ မှာ ကြေးနီရှာဖွေ ထုတ်လုပ်ဖို့ အစိုးရ က
ခွင့်ပြုလိုက်တာ ဦးပိုင် ကုမ္မဏီကိုပါ ။ ဦးပိုင် ကုမ္မဏီ က မှ သူ နဲ့
ဖက်စပ်လုပ်ဖို့ နည်းပညာ နဲ့ တူးဖေါ်စားရိတ် တက်နိုင်တဲ့ ဝမ်ပေါင်ကို စာချုပ်
ချုပ်ပြီး ခေါ်သွင်း လာတာပါ ။ ဦးပိုင် နဲ့ အစိုးရ က လက်မခံပဲ ဝမ်ပေါင် က
အဲဒီ မြေပေါ်မှာ ဘာမှ လုပ်လို့မရပါဘူး ။ ဒီနေ့ အစိုးရ နဲ့ ဦးပိုင် က
စာချုပ် ဖျတ်သိမ်းလိုက်ရင်နောက်နေ့ ဝမ်ပေါင် အိမ်ပြန်သွား ရမှာပါ ။
ကုတ်ကပ်နေလို့ မရပါဘူး။ တကယ် ဝမ်ပေါင်ထွက်သွားစေချင်ရင် ဒါမှမဟုတ်
စီမံကိန်း ရပ်သွားစေချင်ရင် ခင်ဗျားတို့ ဦးတည် တောင်းဆိုနေတဲ့
ပစ်မှတ်ကမှားနေပြီဆိုတာ သတိပေးပါရစေ ။
နောက်တခု က တရုတ်အစိုးရ နဲ့ ဝမ်ပေါင်ကို ခွဲပြီး နားလည်ကြဖို့ပါ ။ ကမ္ဘာ့ နိုင်ငံ အများအပြား မှာ ရင်းနှီးလုပ်ကိုင်နေတဲ့ တရုတ် ကုမ္မဏီတွေ ရာထောင်ချီပြီး ရှိပါတယ်။ သူ ဟာသူ ကိုယ်ပိုင်စွန့်စားမှု ကိုယ်ဖြစ်ကိုယ်ခံမူ နဲ့လုပ်ကိုင် နေကြတာပါ။ အမေရိကန်ကုမ္မဏီ ကိုပဲ လာစေချင် လို့ လုပ်ပိုင်ခွင့်ပေးရင်တောင် အမေရိကန် ကုမ္မဏီ က လုပ်ငန်းအဆင့်ခွဲတွေ မှာ တာဝန်ယူ လုပ်ကိုင် ဖို့ တရုတ် ကုမ္မဏီတခု ကို ငှားရမ်းပြီးစေလွှတ်ခဲ့ မယ်ဆိုရင် အဲဒိနည်းနဲ့လည်း တရုတ်ကုမ္မဏီ တွေ ရောက်လာနိုင်ပါသေးတယ်။ ဈေးကွက် စီးပွားရေး စနစ်မှာ သိပ်ပြီး အစွဲအလန်းထားလို့ မရဘူး ။ တကယ် ကျွန်တော် တို့ မကြိုက်တာက ပထဝီ နိုင်ငံရေး အရ အသာစီး ရဖို့ အရင် စစ်အစိုးရ ကို မျတ်စိမှိတ်ထောက်ခံ ပြီး နိုင်ငံရေး အရ ကြောထောက်နောက်ခံပေးခဲ့တဲ့ တရုတ် အစိုးရ ရဲ့ ပေါ်လစီပါ ။ သူလည်း အခု ဒီ ဒဏ်တွေ ခံ နေရတာ ပါ။ ခင်ဗျားတို့ တခု စဉ်းစားကြည့်ပါ .. အစိုးရဟာ တရုတ် ကုမ္မဏီ နဲ့ သဘောတူထားတဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ပစ်ရဲပေမယ့် တရုတ် အာဏာပိုင် တွေ အလိုရှိနေတဲ့ ကိုယ့်နိုင်ငံသား နော်ခမ်း ကို တရုတ်အစိုးရ အာဏာပိုင် လက်ထဲ မထည့်ပဲ မနေရဲဘူး ။ နောက်တခု က အမေရိကန် စီးပွားရေးပိတ်ဆို့ ထားတဲ့ အချိန်မှာ တရုတ် ကုမ္မဏီ တွေက အပိုင်ပဲ ဆိုပြီး ဒလဟောဝင်မလာ ဘူး။ စီးပွားရေး ဟာ စီးပွားရေး ပဲ ၊စီးပွားရေးဟာ နိုင်ငံရေးနဲ့ ဆက်နွယ် ပတ်သပ်မှု မကင်း ပေမယ့် သူ့ အတိုင်းအတာနဲ့ သူ့ အကျိုးအကြောင်း နဲ့သူပါ ။ နိုင်ငံရေး အရ အားပေးချင်တာနဲ့ အရှုံးခံပြီး ဘယ်သူမှ စီးပွားရေးလာမလုပ်ဘူး။ တရုတ် နဲ့ ပါတ်သပ် ရင် ဘဝင်မကျစရာတွေ ၊ မကျေနပ်စရာတွေ များပေမယ့် ကျွန်တော်တို့ ဆီမှာ လူထု အနေ နဲ့ ရော နိုင်ငံရေး အရပါ အရေးယူ တုန့်ပြန် တဲ့နေရာ မှာ ရောထွေးပြီး ချဉ်းကပ်ပုံ မှားယွင်း နေတယ် လို့ မြင်ပါတယ်။ လူဦးရေ ပေါက်ကွဲ ယိုဖိတ်မှုရယ် ၊ လူကုန်ကူးမှုရယ် ၊ မှောင်ခိုကုန်သွယ်မှု နဲ့ စီးပွားရေးမသမာမှုရယ်၊ နိုင်ငံရေးစွတ်ဖက် လွှမ်းမိုးမှုရယ် ၊ စနစ် တကျ နဲ့ ခွဲပြီး မကိုင်တွယ် နိုင်ရင် မကျေနပ်ချက်တွေ အသံကုန်အော်ရင်း ရလဒ် မထွက်ပဲ တဖြည်းဖြည်း နစ်မြုတ်ပျောက်
ကွယ်သွား ရမှာပါ။ တရုတ်သံရုံးရှေ့ မှာ ဆန္ဒပြတာတော့ ပြရမှာပါ။ ဒါပေမယ့် တရုတ် အစိုးရ ကို ထိထိ ရောက်ရောက် ကျယ်ကျယ် လောင်လောင်ဘာသိစေချင်လဲ၊ ဘာပြောမလဲ ဆိုတာ အရေးကြီးပါတယ်။ မုန်းတီးရေးတွေ ချည်းပြောမယ်ဆိုရင် ပယောဂ လို့ပဲတွက်ဆသွား မှာပါ။
ဒီနေရာမှာ လက်ပံတောင်း အဖိနှိပ်ခံ ပြည်သူတွေ ကို သွေးထိုးနေတာ မဟုတ် ကူညီနေ တာပါဆို တဲ့ ပုဂ္ဂိုလ်တွေ ကလည်း ကာယကံရှင် လယ်သမား တွေ ကိုဘယ်လောက် နားလည်အောင်ရှင်းပြထား လဲ ။ ဥပဒေကြောင်း အရ ဖြစ်နိုင်ခြေတွေ နိုင်ငံရေး အကျိုးဆက် တွေကို ဘယ်လောက် ရှင်းပြထားလဲ၊ ဆိုတာအရေးကြီးပါတယ်။ တခါက ဝမ်ပေါင် တရုတ် ဝန်ထမ်း ၂ယောက် ကို ဆန္ဒပြရွာသားတွေ က ဖမ်းထားခဲ့ တာဟာ ဥပဒေ ရှု့ဒေါင့် ကကြည့် ရင် ရွာသားတွေ အတွက် အန္တရယ်များလွန်း ပါတယ်။ ရဲ က ပုံကြီးချဲ့ပြီး အကြမ်းဖက် နှိမ်နင်း ချင်ရင် နှိမ်နင်းနိုင်ဖို့ အခြေအနေဖန်တီးပေးသလို ဖြစ်ခဲ့ တယ်။ ဒိလို အကျိုးအပြစ် ကို ဝေဖန် ပိုင်းခြား နိုင်အောင် သိသင့်သိထိုက် တာတွေ ပြောမ ထား ပဲ တိုက်ပွဲလမ်းကြောင်းတွေ ပဲဖေါ်နေခဲ့ မယ်ဆိုရင် ပြဿနာ ကိုမွေးထား ရုံ သက်သက် အတွက် မသိနား မလည်တဲ့ သူတွေကို အသေခံ ဗုံးခွဲ ခိုင်းနေတာနဲ့ ဘာမှ မထူးဘူးလို့ ပြောပါရစေ။

No comments:
Post a Comment