Thursday, March 5, 2015

မတ်လ ၆ ရက် ယနေ့နံနက် ၉ နာရီခန့်က လက်ပံတန်းမြို့ ဈေးအနီးတွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စခန်းမှ ကျောင်းသား ၄ ဦးနှင့် ကျောင်းသူ ၁ ဦးတို့

မတ်လ ၆ ရက် ယနေ့နံနက် ၉ နာရီခန့်က လက်ပံတန်းမြို့ ဈေးအနီးတွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စခန်းမှ ကျောင်းသား ၄ ဦးနှင့် ကျောင်းသူ ၁ ဦးတို့ သည် ၄င်းတို့ ပိတ်ဆို့ခံထားရသည့် အခြေအနေနှင့် ရန်ကုန်မြို့တွင် ကျောင်းသားများအား အကြမ်းဖက် ဖမ်းဆီးသည့် ဖြစ်စဉ်များကို ရှင်းလင်းပြောကြား ဆန္ဒပြမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒပြသည့်နေရာသို့ ရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အရပ်ဝတ်အချို့ ရောက်ရှိလာပြီး ယင်းသို့ မပြုလုပ်ရန် ပြောဆိုခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများကို ကားပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ဆန္ဒပြကျောင်းသား ကျောင်းသူများမှာ ရဲရင့်ပိုင်မှူး (ကျောက်ဆည်နည်းပညာတက္ကသိုလ်)၊ အောင်မင်းခန့် (ကျောက်ဆည်နည်းပညာတက္ကသိုလ်) ၊ သာအေး (ကျောက်ဆည်တက္ကသိုလ်)၊ ရဲမျိုးဆွေ (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) နှင့် အိသဉ္ဇာမောင် (ရတနာပုံတက္ကသိုလ်) တို့ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment