Saturday, November 1, 2014

ရွှေရတုအလွမ်း

ရွှေရတုအလွမ်း
ယနေ့ရန်ကုန်စီးပွားရေးတက္ကသိုလ်နှစ်၅၀
ပြည့်ရွှေရတုသဘင်ကျင်းပသည်ကိုကြုံ
ကြိုက်ရတော့တချိန်ကဆင်နွှဲခဲ့ရသည့်ရန်
ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှစ်၅၀ပြည့်
ရွှေရတုကိုလွမ်းမိပါသည်။ကျောင်းဝင်းအတွင်းဆိုင်ခန်းများ၊စင်တင်အငြိမ့်များ၊
ကျောင်းသားကျောင်းသူများ၏အနုပညာ
စွမ်းရည်ပြိုင်ပွဲများနှင့်နေ့နေ့ညညစည်ကါး
လှပါသည်။ကျောင်းသားကျောင်းသူအား
လုံးစားသောက်ဆိုင်များတွင်စားကြ၊အထိမ်းအမှတ်အမှတ်တရလွယ်အိပ်၊ပို့စ
ကဒ်များဝယ်ကြ၊ကြည့်စရာအားပေးစရာရှိသည်များကိုကြည့်ရှုအားပေးကြနှင့်
အားလုံးပျော်နေကြပါသည်။တယောက်တည်းသမားလည်းပျော်သည်။နှစ်
ယောက်တွဲသမားလည်းပျော်သည်။
အပေါင်းအသင်းအုပ်စုလိုက်လည်းပျော်သည်။ကျောင်းသားများသာမကဆရာ
ဆရာမများလည်းပျော်ကြသည်။နှင်းမိုး
ဖွဲဖွဲအောက်တွင်အင်းဂလိပ်စာဌာနမှဆ
ရာဦးကျော်ဝင်း၊တက္ကသိုလ်မောင်ပြုံးချို
ဘောင်းဘီတို၊မြက်ဦးထုပ်၊လက်ကိုင်ဒုတ်
ဝတ်စုံပြည့်နှင့်အဓိပတိလမ်းဆိုင်ခန်းများရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်ကိုမြင်ယောင်မိပါသည်။
သို့သော်ကြာရှည်မပျော်လိုက်ရပါ။
မော်လမြိုင်တက္ကသိုလ်မှကျောင်းသားများ
နေဝင်းအစိုးရအား၊အားစမ်းပွဲစလိုက်၍
္ဒနေဝင်းအစိုးရကထိုခောတ်ထုံးစံကျောင်းပိတ်တမ်းကစားလိုက်သဖြင့်ပျော်နေသူအားလုံးအိမ်ပြန်ကြရသည်။
ရွှေရတုအလွမ်းဘဲပေါ့၊၊။ု

No comments:

Post a Comment