Saturday, November 1, 2014

ဘယ်လောက်ပဲ ဟန်ဆောင်ပြုံးပြနေပါစေ… အချိန်တန်တော့လည်း ဒုံးရင်းက ဒုံရင်းပါပဲ

ဟိုအရင်တုန်းကလည်း ဒီနေ့လိုရက်မျိုးလိုပဲ အာဏာရှင်တသိုက်ဟာ ဟန်ဆောင်အရယ်အပြုံးများနဲ့ ဒေါ်စုကို ခေါ်တွေ့ခဲ့ကြပါတယ်…
ဘာရလဒ်ကောင်းမှ အဖြေထွက်မလာခဲ့ဘူး…
ဒေါ်စုကို ခေါ်တွေ့တယ်ဆိုတာကလည်း အကျဉ်းအကျပ်ထဲ ရောက်နေတဲ့ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်ကို ဖြေရှင်းဖို့ ဒေါ်စုကို လူရှေ့ထုတ်ပြပြီး အသုံးချခဲ့ကြတာပါ…
အခုလည်း ထိုနည်းလည်းကောင်းပါပဲ…
ဦးသိန်းစိန်အစိုးရဟာ နိုင်ငံရေးအခက်အခဲကို ဖြေရှင်းဖို့ ဒေါ်စုမပါဘဲ သွားလို့မရဘူးဆိုတာ ကောင်းကောင်းနားလည်နေပါတယ်…
စစ်အစိုးရလက်ထက်ကနေ ယနေ့ ဒီမိုကရေစီအစိုးရလက်ထက်ထိ အာဏာရှင်လူတစုအတွက် ဒေါ်စုဟာ နိုင်ငံရေးဇာတ်ခုံပေါ်မှာ မပါမဖြစ် ပါရမယ်ဆိုတာ သူတို့လက်ခံထားပါတယ်…
ပြည်သူတွေအားလုံးက ယနေ့ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံမှုကို အကောင်းဆုံးမျှော်လင့်ခဲ့ကြတာပါပဲ…
ပြည်သူတွေ ဘာကိုလိုချင်တယ်…
ဘာကို လိုအပ်တယ်ဆိုတာ သိသိကြီးနဲ့ ငြိမ်နေကြတဲ့ အာဏာရှင်တွေပါ.…
ဘယ်လောက်ပဲ ဟန်ဆောင်ပြုံးပြနေပါစေ…
အချိန်တန်တော့လည်း ဒုံးရင်းက ဒုံရင်းပါပဲ…
၂၀၁၅ လည်း နီးလာပြီ…
အာဏာရှင်တွေ အာဏာပါးဝနေတာတွေ စွန့်လွှတ်ပေးကြပါ…
အမွဲတကာ့ ထွဋ်ခေါင် အီသီယိုးယားကတောင် လှောင်ပြောင်လို့ရနေတဲ့ အခြေအနေနဲ့ ကြုံနေရတဲ့ မြန်မာပြည်ကြီးကို ခင်ဗျားတို့ စွန့်လွှတ်ပေးကြပါ…
အာဏာရူးများအနေနဲ့ ဘယ်အချိန်ထိအောင် မြန်မာပြည်ကြီးကို ရစရာမရှိအောင် ဖျက်ဆီးနေကြဦးမှာလဲ………
-
သက်နှင်း သုန္ဒရီ

No comments:

Post a Comment