Monday, November 3, 2014


ဒီနေ့မီဒီယာကြီးတခုရဲ့ပေခ်ျကနေ သိခွင့်ရလိုက်တဲ့ကိစ္စတခုက အေးရှားဝေါလ်ကုမ္ပဏီက ဘီအိုတီစနစ်နဲ့လုပ်ကိုင်နေတဲ့ နေပြည်တော် လေယာဉ်ကွင်းကိုနိုင်ငံတော်ပြန်အပ်ဖို့ လျှောက်တဲ့ကိစ္စပါ။ ဒီမီဒီယာကပဲ ဒီလေယာဉ်ကွင်းတည်ဆောက်ပြီးခါနီး ငွေကြေးမလောက်လို့ သူကုမ္ပဏီက ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီး ဌာနမှ ချေးထားတဲ့ ချေးငွေ ဒေါ်လာသန်း ၃၀ ကို အချိန်မီပြန်ဆပ်ဖို့ အခက်အခဲရှိတဲ့အတွက် ငွေရင်းနဲ့ အတိုးနဲ့ပေါင်းပြီး ဘယ်နှစ်လအတွင်းရွှေ့ဆိုင်းပြီးဆပ်မယ်လို့ အသနားခံစာတင်တဲ့ကိစ္စကို အခွင့်အရေးတောင်းတယ် ၊ အခွင့်အရေးရသလောက်ယူတယ် ၊ အာဏာပိုင်နဲ့ပေါင်းတဲ့ခရိုနီကြီးလို့ ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားခဲ့တဲ့ ဆောင်းပါးကို ဖတ်ခဲ့ဘူးတယ်။ ဒီပိုစ်ဆက်ရေးဖို့ အရင်ရှင်းပြချင်တာက သူတို့နဲ့ဆွေမျိုးလည်းမတော် ၊ အပေါင်းအသင်းလည်း မဟုတ် သာမန်စီးပွားရေးလုပ်သူတယောက်အနေနဲ့ ကိစ္စတခုဖြစ်စဉ်အမှန်ကိုသုံးသပ်ကြည့်ချင်တာသက်သက်ပါ။

စီးပွားရေးအတွေ့အကြုံအရ ဒီလေယာဉ်ကွင်းမျိုးက မြတ်စရာအကြောင်းမရှိဘူးလို့ အရင်ပိုစ်မှာသုံးသပ်ခဲ့တယ်။ ဒီကိစ္စနဲ့မီဒီယာကနေ ဒီကုမ္ပဏီကိုတိုက်ခိုက်တာ မှားနေတယ်လို့ ဝေဖန်ခဲ့တယ်။ တိကျတဲ့အထောက်အထားမရှိလို့ လူထုကို စဉ်းစားသုံးသပ်ဖို့ ကိုယ့်အတွေ့အကြုံကိုမျှဝေတာပဲရှိပါတယ်။

အခုသတင်းက ကျွန်တော်တို့သုံးသပ်ထားတဲ့ မမြတ်နိုင်တဲ့အကြောင်းကို သက်သေပြတာပဲ ။ အလားတူ သီလဝါဆိပ်ကမ်း ၊ ထရိတ်ဒါးဟိုတယ် ၊ မန္တလေး-မူဆယ်လမ်း စတဲ့စီမံကိန်းတွေလည်း မမြတ်နိုင်ပါဘူး ။ အရင် ဆယ့်လေးငါးနှစ်တောက်လျှောက်အရှုံးပေါ်ပြီးအခုသုံးလေးနှစ်လောက်မှာမှ စပြီးအမြတ်ရတာကို မလိုစိတ်မရှိသင့်ပါ။ မှားယွင်းတဲ့သတင်းကြောင့် (အခွင့်အရေးယူတာတောင် နိုင်ငံတော်ငွေကိုထပ်ပြီးနှိုက်ချင်တဲ့ ခရိုနီကြီး) နဲ့ သူများကုမ္ပဏီကိုသက္ခာကျအောင် ဆုံးရှုံးမှုဖြစ်အောင် မရေးသင့်ပါဘူး။ ကျွန်တော်တို့ချီးကျူးနေရတဲ့အမေရိကန်နိုင်ငံမှာလို တိကျတဲ့ဥပဒေစီရင်ရေးနဲ့ လုပ်မယ်ဆိုရင် ဒီလိုမီဒီယာက လျော်ကြေးပေး ဒေဝါလီခံရမယ့် ပြစ်ဒဏ်မျိုးချခံရမှာသေချာတယ်။
LikeLike · · Share · 11 hrs

  • Hla Myaing
  • Hla Myaing အသေးစိပ်ကိုယ်မသိတဲ့အကြောင်းအရာမို့ဘာမှန်တယ်ဘာမှားတယ်မသိ။ဖတ်ဘူးထားတာတွေအားလုံးကကေါက်ချက်ချရရင်တော့ဒီpageမှာရေးတဲ့သူတွေဟာအုပ်စုတစ်စုအကျိုးအတွက်ပါးပါးနပ်နပ်ကေါက်ကေါက်ကျစ်ကျစ်လိုင်းသွင်းနေတာဘဲ။အများကြိုက်မှန်တဲ့တခြားသူတွေရေးထားတာတွေဖေါ်ပြလိုက်၊သူတို့လိုင်းသွင်းခြင်တာမသိမသာလိုင်းလိုက်နဲ့
    ဝါဒဖြန့်တဲ့ပညာကိုစံနစ်တကျသင်ထားဘူးတဲ့အုပ်စုဘဲ်

No comments:

Post a Comment