Thursday, January 1, 2015

Chaw Htet Myat လည်ကြစမ်းပါပြည်သူတွေရာ

ဖတ်သင့်စဉ်းစားသင့်တဲ့စာပါ။တခုဘဲရှိတယ်။သိပ်သိလွန်းနေတဲ့သူဖြစ်နေတာပါ။သိလက်စနဲ့တခါ
တည်းလူတွေမကျေလည်တဲ့စတင်စာချုပ်စဉ်က
နိုင်ငံတော်ကခွေးစာဝက်စာ၎ရာခိုင်နှုံးနဲ့လက်ခံပြီးဦးသိန်းစိန်ကလက်မှတ်ထိုးလိုက်ရတဲ့အကြောင်းရှင်းပြလိုက်ရင်မကျေနပ်နေတဲ့သူတွေကျေနပ်သွားမှာပါ။်
လည်ကြစမ်းပါပြည်သူတွေရာ (အစအဆုံး ဖတ်ဖြစ်အောင်ဖတ်ပါ)
December 1, 2012 at 8:06pm
အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ မြန်မာ ပြည်မှာ လူတွေ ချမ်းသာသလား။ ဆင်းရဲသလား။ လက်တစ်ဆုတ်စာ လူစုကလွဲရင် တစ်ပြည်လုံးဘယ်လောက်ဆင်းရဲသလဲ ။( မေးစရာတောင်မလိုတဲ့မေးခွန်းပါ။)


လက်ပံတောင်း တောင် စီမံကိန်းဆိုတာ အရင်အစိုးရလက်ထက်က စာချုပ်ချုပ်ပီးလုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတစ်ခုပါ။ တရုတ်ကုမ္မဏီရယ် ဦးပိုင်ရယ် အစိုးရရယ်၊ သုံးဦးစပ်လုပ်ငန်းဖြစ်ပါတယ်။ အခု လက်ရှိ လက်ပံတောင်းတောင်မှာ ဒီလုပ်ငန်းကြောင့် ဖြစ်ပေါ်လာတဲ့နောက်စပ်တွဲအခြေအနေအရပ်ရပ်နဲ့စပ်လျဉ်းလို့ သူသူကိုယ်ကိုယ်၊ သူရော ကိုယ်ရော ခင်ဗျားရော ကျွန်တော်ရောအားလုံးစိတ်မကောင်းဖြစ်ကြရပါတယ်။ လူအုပ်ကို လူစုခွဲတဲ့ ရဲတွေရဲ့ မကျွမ်းကျင်မှုတွေကနေ သပိတ်အဖွဲ့လဲ အထိခိုက်အနာတရတွေဖြစ်ခဲ့သလိုအစိုးရသည်လဲ ရှုံ့ချမှုတွေ၊ ကန့်ကွက်မှုတွေ၊ အမျိုးမျိုးအပြုခံနေရတယ်၊ တစ်ကယ်တမ်း အဲဒီစီမံကိန်းနယ်မြေက ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နယ်မြေပါ။ ဒါကို သံဃာအပါး၁၄၀၊ ရွာနည်းချောက်စပ်က ဒေသခံ ၄၀၀ လောက် အဲဒီစီမံကိန်းထဲမှာ နေနေကြတယ်။

ပြောရမယ်ဆိုရင် ဒီလိုအကြပ်အတည်းတွေဖြစ်နေတာ ၂၀၁၂ခုနှစ်ဖေဖော်ဝါရီလကတည်းကနေ မငြိမ်ခဲ့တာ အခုထိပါပဲ။ ဇာတ်ရှိန်အမြင့်ဆုံးအနေအထားကိုလဲ ရောက်နေပါပီ။ အခုနောက်ဆုံး သမ္မတဦးသိန်းစိန်ကို နှုတ်ထွက်ခိုင်းတဲ့အထိတောင်ဖြစ်လာပါတယ်။ အဲဒီတော့ အားလုံးကို စဉ်းစားစေချင်ပါတယ်။ ဘာကိုစဉ်းစားရမှာလဲ။ ဟုတ်တာပေါ့။ စဉ်းစားဖို့က အသိရှိရမယ်။ ဘာအသိလဲ။ လက်ပံတောင်းတောင်နဲ့ပတ်သတ်လို့ စာချုပ်မှာ ဖောင်တိန်လေးနဲ့လက်မှတ်ထိုးလိုက်ကတည်းကစပြီး အခုလက်ရှိအချိန်အထိ တစ်ကြောင်းချင်း၊
တစ်ပါဒချင်း သေချာသိဖို့ ဗဟုသုတအသိလိုတာပေါ့။ အခုကြည့်မိတာ တွေ့နေရပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သတ်လို့ အနှုတ်လက္ခဏာဆောင်တဲ့အမြင်တွေ အခင်းကျင်းထားတာမြင်တွေ့နေရပါတယ်။ ဒါကလဲ အနှုတ်လက္ခာဆောင်တာကို အပြစ်တစ်ခုရယ်လို့တော့
မမြင်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်စီမံကိန်းတွေလုပ်ခဲ့သမျှဟာလဲ ပြည်သူအတွက် အကြွင်းဆိုတာ....... bla bla bla ........။။။။ ကျွန်တော့်မိတ်ဆွေတွေထဲမှာကိုပဲ အချင်းချင်းအမြင်မတူတာတွေ အငြင်းပွားနေကြတာတွေ တွေ့မြင်နေရပါတယ်။ အဲဒီတော့အခုဟာက ယခင်စစ်အစိုးရလက်ထပ်က သဘောတူပီးချုပ်ဆိုခဲ့တဲ့စာချုပ်၊ အခုလုပ်ဆက်လက်လုပ်ကိုင်မှာကတော့ လက်ရှိဒီမိုကရေစီအစိုးရဖြစ်ပါတယ်။ အဲဒီတော့ အားလုံးလဲ ပွင့်လင်းမြင်သာမှု ဆိုတာကို ခဏခဏ ပြောပြောနေတော့ ဒီစီမံကိန်းနဲ့ပတ်သတ်ပီးသက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့အထဲမှာ ကျွန်တော်လေ့လာမိသလောက်လေးကို အကျဉ်းချုပ်တင်ပြချင်တယ်။

အရင်ဆုံး ကျွန်တော်တို့ စီမံကိန်းတစ်ခုလုပ်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ကတော့ ပြည်သူရဲ့အကျိုးအမြတ်ဘယ်လောက်ရမလဲ၊ နိုင်ငံတော်အတွက်အကျိုးအမြတ်ဘယ်လောက်ရမလဲ ဆိုတာတွေကိုအရင်ဆုံးကြည့်မှာပါ။ ပီးမှ သဘာဝပတ်ဝန်းကျင်ဆိုတာကိုဆက်ကြည့်ပီး( ရတဲ့အကျိုးအမြတ်နဲ့)သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးသွားခဲ့ရင်တောင် ဘယ်လိုပြန်လည်ထိန်းသိမ်းမလဲဆိုတာကို တွက်မှာပါ ( ကျွန်တော့်အကြောင်းလဲတစ်ချို့သိပီးသားပါ။ သစ်ပင်အောင်မှာ ရွှေတစ်ပိတ်သာရှိရင် သစ်ပင်ကိုခုပ်ရွှေကိုထုတ်။ ပီးမှသစ်ပင်ပြန်စိုက်မယ် ဆိုတဲ့လူစားမျိုးပါ)။ အစတုန်းက ဒီစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်က စခဲ့တာ မဟုတ်ပါဘူး။ ၁၉၈၄ ခုနှစ်တုန်းက စံပယ်တောင်ရဲ့အောက်မှာမှ နောက်ထပ် စံပယ်တောင် ကွင်းစ ကွင်းပိတ်တောင် ဆိုတဲ့ နေရာလေးကလဲစံပယ်တောင်မှာ အကျုံးဝင်ပါတယ်။ ဒါလေးကို ၁၉၈၄ ခုနှစ်တုန်းက ယူဂိုဆလပ်က နည်းပညာနဲ့ စက်ပစ္စည်းတွေ ဝယ်ပီးတော့လုပ်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ၁၉၉၈ ခုနှစ်မှာ သတ္တုတွင်း ဝန်ကြီးဌာနနဲ့ ကနေဒါနိုင်ငံက အိုင်ဗင်ဟိုးနဲ့ စပ်ပီးတော့လုပ်တယ်။

အဲဒီတုန်းက နိုင်ငံမှာ ငွေမရှိဘူး။ ငွေကြေး အရင်းအနှီးကို ပြည်ပက ချေးငွေယူပီးလုပ်ခဲ့တယ်။ အဲဒီလိုလုပ်နေတဲ့ အချိန်မှာပဲ ကျွန်တော်တို့စီးပွားရေး ပိတ်ဆို့မှုဒဏ် ကိုခံရတယ်။ နောက် ကမ္ဘာ့ကြေးနီ ဈေးနှုန်းတွေ ကျဆင်းပြီးတော့ နိုင်ငံအတွက်လဲ အကျိုး အမြတ်တွေရရှိတာတွေ နည်းခဲ့ပါတယ်။ ဒါကြောင့်မို့လို့၂၀၁၁ ခုနှစ်မှာ ဦးပိုင် လီမိတက်နဲ့ မြန်မာ့ယန်စီ ကော့ပါးလီမိတက် ကုမ္မဏီကနေပြီးတော့မှ PSC ဆိုပြီးတော့ ခုနတုန်းက Production Sharing Contract နဲ့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ကျွန်တော် လေ့လာမိသလောက်ထဲက အခု သတ္တုတွင်းရဲ့ ဒီဇိုင်းကနေစပီးတော့ တင်ပြပါမယ်။ ဓာတ်သတ္တုတွင်းတစ်ခု လုပ်တော့မယ်ဆိုရင် အရမ်းကာရော လက်တန်းလည်း လုပ်လို့ မရပါဘူး။ ဒီလုပ်ငန်းမျိုးဆိုတာ world class ။ ပီးတော့ international practiceနဲ့လုပ်ရတဲ့ လုပ်ငန်းမျိုး။ တူးတယ်ဆိုတဲ့နေရာမှာလဲ သတ္တုသိုက် ဘယ်နေရာမှာ ရှိလဲ၊ နည်းပညာပိုင်းအရကော ဘယ်လိုထုတ်လုပ်နိုင်မလဲ။ စီးပွားရေး တွက်ချေကိုက်မှုကောရှိလား။ ထုတ်လုပ်တဲ့ နေရာမှာကော ဘေးအန္တရာယ် ကင်းရဲ့လား။ ပတ်ဝန်းကျင်ထိခိုက်မှုရော
ဘယ်လောက်ဖြစ်နိုင်မလဲ။ ဒီအချက်တွေကို အခြေခံပြီးတော့ သတ္တု တူးဖေါ်မှု ထုတ်ယူမှု၊ သန့်စင်မှု နည်းတွေကို ရွေးပီး ပဏာမဖြစ်နိုင်တဲ့အလားအလာကို ချိန်ပီးတော့မှ သတ္တုတွင်းရဲဒီဇိုင်းက အစ ရွေးချယ်တားတာဖြစ်ပါတယ်။ ထုတ်လုပ် တဲ့နေရာမှာ သတ္တုသိုက်ရှိတဲ့နေရာမှာ မြေသားတွေကို အရင်ဆုံးတူးရတယ်။ ပီးရင် အဲဒီမြေသားတွေကို transportator တွေနဲ့ သတ်မှတ်ထားတဲ့နေရာမှာ အနံ ၈၀ မီတာ အကျယ်ရှိတဲ့မြေပေါ်မှာ လေးမီတာလောက်စီကို မြေသားတွေ သတ္တုရိုင်း တွေကို
လေးမီတာလောက် လွှာပြီးတော့ ခင်းရပါတယ်။ အဲဒီလိုခင်းပီးရင် အက်ဆစ်နဲ့အပေါ်ကနေဖြန်းပါတယ်။ အဲဒီလို ဖြန်းလိုက်တဲ့အခါမှာ သူက နှစ်လုံးပေါက် (တစ်နှစ်ကျော်ကျော်ကြာအောင်) ဖြစ် ပါတယ်။ ကြာပြီးတော့ ဖြန်းလာတဲ့ဟာတွေကို အောက်မှာရှိတဲ့ကန်ကနေပြီးတော့မှကော့ပါးဆာလ်ဖိတ်အရည်တွေ ရပါတယ်။ အဲဒီတော့မှ ဒီ ကော့ပါး ဆာလ်ဖိတ်အရည်တွေကို အီလက်ထရိုနိုက် ဝင်းနီးဆိုလုပ်လိုက်တဲ့အခါ ကျတော့ ကြေးနီပြားတွေက ကပ်သွားတယ်။ (၇) ရက်လောကနေတော့မှ ဒီကြေးနီပြားတွေကို
ခွာချလိုက်တဲ့အခါမှာ ၉၉.၉၉ သန့်စင်တဲ့ကြေးနီ တွေရပါတယ်။ ဟိုအရင် ၁၉၈၄ ခုနှစ်တုန်းက ထုတ်ခဲ့တဲ့အချိန်မှာ ကြေးနီရဲ့ သန့်စင်မှုဟာ ၉၉.၉၉ အထိ နည်းပညာမရဘူး။ ၅၀ရာခိုင်နှုန်း လောက်ပဲရ တယ်။ အဲဒီတော့ ဒီ ၅၀ ရာခိုင်နှုန်း ရတဲ့ဟာတွေဟာ အဲဒီမှာ tailing ၊စွန့်ပစ်လိုက်တဲ့ ဟာတွေက အပြင်ဖက်တွေကို ရောက်သွားတဲ့အခါမှာ ဘာပဲပြောပြော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုတာတွေက ဖြစ်နိုင်ပါတယ်။ အခုလက်ရှိ ဒီနေ့ လက်ပံတောင်းတောင်မှ ထုတ်တဲ့ နည်းစဉ်ကျတော့ ၉၉.၉၉ ရအောင် ကြေးကို
ယူထားတာဖြစ်တဲ့အတွက် zero level အထိ သဘာဝပတ်ဝန်ကျင်ထိခိုက်မှု ကျဆင်းသွားရမယ်ဆိုတဲ့ စနစ်နဲ့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တင်ပြခဲ့တဲ့အထဲမှာ ဆာလဖိတ် အရည်တွေကို ကြေးနီဖြစ်အောင်လုပ်တဲ့နည်း တင်ပြခဲ့တယ်။ အဲဒီတော့ ဒီဆာလဖိတ်အရည်တွေ အပြင်ကိုထွက်သွားလို့ရှိရင် စီးပွားရေးအရ သူတို့ဆုံးရှုံးပါတယ်။ ဘာကြောင့်ဆိုတော့ ဒီဆာလဖိတ်အရည်တွေကို ရမှ ကြေးနီက ရမှာကိုး။ဒီဆာလဖိတ်အရည်တွေ အပြင်ကို ထွက်လေ အကျိုးအမြတ်ဆုံးရှုံးများလေဖြစ်တဲ့အတွက်လုပ်တဲ့စီမံကိန်းအနေအထားကိုက ဆာလဖိတ်အရည်ကို အပြင်မထွက်အောင် အဓိကအချက်တစ်ခုနေနဲ့ ကာကွယ်ထားပါဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာကို အပြင်ကိုမထွက်အောင် ကာကွယ်တာနဲ့အမျှ ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနေအထားကိုလဲကာကွယ်ထားပီးသားဖြစ်တယ်လို့ပြောချင်ပါတယ်။

်စီမံကိန်းကြီးပီးသွားတဲ့အချိန်မှာ ဒီနေရာဒေသကို သူ့ရဲ့ပုံမှန် Procedure အတိုင်း ပြန်ပီးတော့ စိမ်းလန်းစိုပြေအောင်လုပ်ပေးဖို့ကတော့ စီမံကိန်းလုပ်သူတွေရဲ့တာဝန်ပဲ။ အဲတော့ အဲဒီအတွက်လဲ တစ်နှစ်ကိုဒေါ်လာတစ်သန်းနဲ့ ငွေစာရင်းခေါင်းစဉ်တစ်ခု သီးသန့်ထားပီးဖွင့်ထားတယ်လို့ဦးဝေလွင်ရှင်းပြသွားတဲ့အထဲမှာပါပါတယ်။ အဲဒီတော့ စံပယ်တောင်မှာထုတ်နေတာဆိုရင် နောက်နှစ်နှစ်ဆိုပီးတော့မှာ။ အဲဒီတော့်တောင်ပတ်ဝန်းကျင်နဂိုအတိုင်း ပြန်ဖြစ်ဖို့ကို မြေတွေပြန်ဖို့ရမယ်။ စိုက်ပျိုးမြေတွေ ပြန်ဖေါ်ပေးရမယ်၊ ပီးရင်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေအောင် ပြန်လုပ်ပေးရမယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ကိစ္စတွေလုပ်မယ်။ ပြီးရင် စိုက်ပျိုးမြေတွေ ပြန်ပြီးဖော်ပေးရမယ်။ စံပါယ်တောင်ကိုတောင်မှ သူတို့ တွက်အနှုန်းအရဆိုရင် ဒေါ်လာ ၁၈.၂ သန်း သုံးစွဲပီးတော့ပြုပြင်မှုတွေလုပ်မှာဖြစ်ပါတယ်။ စီမံကိန်းပြီးတာနဲ့ဆက်ပြီး စိမ်းလန်းစိုပြေရေးတွေ တာဝန်ယူပြီး ဆောင်ရွက်သွားရမယ်လို့ ကတိပြုထားပီးသားဖြစ်တဲ့အတွက် ကတိအတိုင်း ဖြစ်မလာရင်တော့ ကတိပေးထားတဲ့လူတွေရဲ့ တာဝန်ပဲပေါ့။ (ဒီတစ်ချက်စောင့်ကြည့်ရမှာပေါ့)

စီမံကိန်းကြီးပြုလုပ်ဖို့ကို ဖယ်ပေးလိုက်ရတဲ့မြေတွေအတွက် မြေဧက ၆၇၈၁ ဧက ကို လျော်ပေးခဲ့တယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိပီးတော့ နောက်ထပ် မြေရိုင်းဧက ၂၀၀၀ ကျော်ကိုထပ်ဖော်ထုတ်ပြီးတော့ပေးသွားအုံးမယ်လို့လဲ သိရပါတယ်။
နောက်ပီးငွေကြေးနဲ့လျော်တဲ့အပိုင်း၊။ မြေယာဥပဒေအရ ဆိုရင် တစ်ဧက ကို ၂၅ ပြား၊ အဲဒီ ၂၅ ပြားကို အဆနှစ်ဆယ်ပေါင်းမှ ၅ကျပ်ပဲ လျော်ရမှာဖြစ်ပါတယ်( သိပ်လေးစားဖို့ကောင်းတဲ့မြေယာဥပဒေပါ)။ တစ်ကယ်လျော်ခဲ့တဲ့အချိန်က ၂၀၁၀ တုန်းက။ အဲဒီတုန်းကဒေသပေါက်ဈေးက မြေအမျိုးအစားအပေါ်မူတည်ပီးတော့ တစ်ဧက ကို နှစ်သိန်းကနေ လေးသိန်းအထိရှိတယ်။ ပေါက်ဈေးအတိုင်းလျော်ခဲ့ကြတာပါ။ ဒါကိုမှ ဒီမြေပေါ်မှာ နှမ်း၊ ပဲစင်းငုံ၊ နေကြာ၊ စိုက်ထားတယ်ဆိုရင် အဲဒီစိုက်ထားတဲ့ သီးနှံရဲ့လက်ရှိကာလပေါက်ဈေး၊ အဲဒါကိုစိုက်တုန်းက ထွန်းယက်ခ၊ လူငှားခ၊ စိုက်ပျိုးခ၊ လုပ်အားခ၊ အကုန်လုံးပါတစ်ဧက ပျမ်းမျှတန်ဖိုးတွက်ပီးတော့ထည့်လျော်ခဲ့တယ်။ တစ်ကယ်လို့ ထန်းပင်တို့ သရက်ပင်တို့ သနပ်ခါးပင်တို့လို အပင်တွေပေါက်နေတာရှိခဲ့ရင် အဲဒါတွေအတွက်ပါ တန်ဖိုးတွက်ပီးလျော်ပေးခဲ့တယ်။ အဲဒီတော့ တစ်ဧကကိုလျော်တဲ့နှုန်းက ငါးသိန်းနှစ်သောင်းငါးတောင်ကနေ ငါးသိန်းငါးသောင်းအထိရှိသွားတယ်။ အဲဒါ ၂၀၁၀ တုန်းက ပေါက်ဈေးနဲ့ လျော်ခဲ့တာနော်။ ဒါကိုမှအခုလက်ရှိအနေအထားမှာ အဲဒီတုန်းကပေးခဲ့တဲ့နှုန်းထားနဲ့မကျေနပ်လို့တို့ နဲလို့တို့ ပြောလာတာတွေရှိပါတယ်။ အဲဒီအပေါ်မှာလဲ ထပ်ပီးတော့ လျော်ကြေးပေးတာတွေလဲရှိပါတယ်။ ဒါ ဒေသခံတွေမနစ်နာအောင်လျော်ကြေးပေးခဲ့တဲ့အပိုင်းကိုပြောပြတာပါ။ နောက်ပီး အဲဒီနားမှာရှိတဲ့ ရွာလေးရွာကနေပီးတော့
အလုပ်သမားပေါင်းငါးရာလောက်ကို စီမံကိန်းနဲ့ပတ်သတ်တဲ့ လက်တွေ့သင်တန်းတွေပေးပီးတော့ အလုပ်ခန့်ထားပါတယ်။ အဲဒီတော့ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလန်းတွေအသင့် ဖန်တီးပီးထားဖြစ်တယ်။(လည်ကြစမ်းပါ ပြည်သူတို့ရာ)

အသစ်တည်ပေးထားတဲ့ရွာတွေမှာလဲ အိမ်တွေကို သေသေချာချာလေး အေ၊ ဘီ၊ စီ၊ ဒီ အမျိုးအစားခွဲပီးဆောက်ပေးထားတာကိုတွေ့ရတယ်၊ A Type က၁၃၄ သိန်း၊ B Type ကို ၇၂သိန်း၊ C Type ကို ၅၂သိန်း၊ D Type (ထန်းလက်မိုးအိမ်) ကို ၃၈ သိန်းစီအကုန်ကျခံပီးတော့ ဆောက်ပေးထားတာပါ။ အဲဒီအပြင် အိမ်ရွေ့ပြောင်းတဲ့အခါမှာ ကုန်ကျမဲ့ ကုန်ကျစာရိတ်တွေကိုလဲ ထပ်ပေးပါသေးတယ်။ ပစ္စည်းတွေ သယ်တာတွေပို့တာတွေလုပ်တဲ့အခါမှာလဲ ကူညီပေးပါတယ်။ ဒါကိုမှ တစ်ချို့က အသစ်ဆောက်ပေးထားတဲ့အိမ်တွေမှာ ကြမ်းပေါက်တာတို့ ဘာတို့ အဆင်မပြေဖြစ်တယ်ဆိုရင် အဲလိုအဆင်မပြေဖြစ်တဲ့အပေါ်မှာ မူတည်ပီးတော့ အေအမျိုးအစားကို ပြုပြင်စရိတ် ဆယ်သိန်း၊ ဘီအမျိုးအစားကို ပြုပြင်စရိတ် ရှစ်သိန်း၊ စီ ကို ခြောက်သိန်း၊ ဒီကို လေးသိန်းထပ်ပီးတော့ပေးပါသေးတယ်။ အဲဒါအပြင် စာသင်ကျောင်းတို့ ဆက်သွယ်ရေးရုံးတို့ မီးသတ်စခန်းတို့၊ စာကြည့်တိုက်၊ အုပ်ချုပ်ရေးမှူးရုံး၊ နောက် လျှပ်စစ်မီးကအစ သူတို့နေရှင်နယ်ဂရစ်ထဲကနေပီးတာ့ ရွာတွေကိုဆွဲပေးထားပါသေးတယ်။ မီတာဆိုရင် အိမ်သုံးမီတာတစ်လုံးကို ရှစ်သောင်းခွဲလောက်ကျပါတယ်။ အဲဒါကို အခမဲ့ တပ်ပေးထားတာပါ။ သိန်း ၁၅၀၀ လောက်အကုန်အကျခံပီးဒေသမှာ အလှူလုပ်ပေးတာမျိုး၊ လမ်းတွေဖောက်ပေးတာတို့ တံတားတွေဆောက်ပေးတာတို့ နောက်အဲဒီနားက
မိုးကြိုးပြင် ရွာဆည်ကြီးမှာ spill way ဆောက်ပေးတာတို့ ဆေးခန်းဆောက်တာတို့ ရေတွင်းတူးပေးတာတို့ နောက်ပီး အရေးကြီးဆုံး သောက်သုံးရေ၊ အဲဒီသောက်သုံးရေကိုလဲ စီမံကိန်းကနေပီးတော့ ရေသန့်စက်တွေတပ်ထားပေးတယ်။ ပြောရရင် ရေသန့်စက်မတပ်ပဲနဲ့ကိုရေရဲ့ PH Level က သောက်သုံးနိုင်တဲ့အဆင့်မှာရှိပါတယ်။ ညစ်ညမ်းမှုမရှိပါဘူး။ သောက်သုံးရေကနေစပြောရရင် အဓိက ဘေးထွက်ပစ္စည်းအဓိကစွန့်ပစ်တဲ့နေရာမှာကိုက PH 6 to 9 အထိရှိအောင်လုပ်ထားတာပါ။ နောက်ပီးစီမံကိန်းဧရိယာအတွင်းမှာလဲ
ကျွန်းစမ်းသပ်ပီးတော့စိုက်ပျိုးထားတာတွေရှိပါတယ်။ ရန်ကုန်တက္ကသိုလ်က ဆာဗေးဆင်းတဲ့အဖွဲ့တွေလာပီးတော့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ သင်တန်းပို့ချမှုတွေလဲ ပြုလုပ်ပီးခဲ့ပါပီ။ ဒါက ပြည်တွင်းပြည်ပက စစ်ဆေးမှုတွေ အထပ်ထပ် လုပ်ထားပေးပီးသားပါ။ ဒါပေမဲ့ လဲရေသန့်စက်တွေ အပိုစောင်းတပ်ပေးထားပါသေးတယ်။ ဒါကတော့ ရွာသစ်ရွေ့ပြောင်းတဲ့ အပိုင်းကိုပြောပြတာပါ။ အဆင်မပြေစရာ တစ်ခုမှမတွေ့ပါဘူး။ တစ်ကယ်လို့ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ရင်လဲတောင်းရင်တောင်းသလောက်ရမဲ့သဘောမှာတောင်ရှိပါတယ် ။ ကိုယ့်ပြည်သားတွေကို လည်စေချင်တယ်၊ ပါးနပ်စေချင်တယ်။ အမြတ်ယူတတ်စေချင်တယ်။ (လည်ကြစမ်းပါ ပြည်သူတို့ရာ)
ကျွန်တော်ဆက်ပြီးတော့ EIA environmental Impact assessment နဲ့ ပတ်သက်တဲ့ကိစ္စကိုပြောပါ့မယ်။ အဲတော့ ဒီစီမံကိန်းက နိုင်ငံတစ်ကာအသိအမှတ်ပြု ISO ၁၄၀၀၁ရရှိထားပီးသားဖြစ်ပါတယ်။ ISO ၁၄၀၀၁ ဆိုတာဟာ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှု
စီမံခန့်ခွဲခြင်းဆိုင်ရာ ရရှိတဲ့လက်မှတ်ဖြစ်ပါတယ်။ နောက် ထုတ်လုပ်မှုအရည်အသွေး Production နဲ့ပတ်သက်တဲ့ အရည်အသွေး စီမံ ခန့်ခွဲမှုဆိုင်ရာ ရရှိထားတဲ့ လက်မှတ်လဲ ရထားပီးသားပါ။ နောက် လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနဲ့ကျန်းမာရေးလုံခြုံမှုနဲ့ပတ်သက်လို့ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးတော့လဲ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ရရှိပီးသားဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခုပြောမယ်နော်။ ဒီလိုအသိအမှတ်ပြုလက်မှတ်တွေက လုပ်ယူလို့မရဘူး။။ စင်ကာပူနိုင်ငံက SGSဆိုတဲ့ကမ္ဘာ့အသိအမှတ်ပြုတဲ့ ကုမ္မဏီကနေယူထားတဲ့ဟာတွေ။ နားလည်မှုတွေ ပိုက်ဆံတွေပေးပီး တော့ လုပ်ယူလို့မရဘူး၊ ဒီလို ဆာတီဖီကိတ်ရအောင် သူ့စည်းကမ်းတွေ ညွှန်ကြားချက်တွေအတိုင်း တစ်ကယ်ဆောင်ရွက်ထားမှ သာလျှင် ရမှာပါ။ ဒီအတွက်လဲ SGSကလူတွေ ကိုယ်တိုင်လာရောက်ကွင်းဆင်းစစ်ဆေးပီးမှ ပေးအပ်ထားတာဖြစ်ပါတယ်။ အဲဒါလေးတစ်ချက်ကိုလဲ နားလည်သဘောပေါက်စေချင်တယ်။ နောက်ပီး တစ်ခါစစ်ပီးသွားရင် ဒီတိုင်းပစ်ထားလိုက်တာမဟုတ်ဘူး။ စီမံကိန်းအနေနဲ့ဆိုလို့ရှိရင်တော့သုံးလတစ်ကြိမ်Internal Audit အားလုံးစစ်ဆေး ရပါတယ်။ နောက် ကျွန်တော်တို့ ခုနက ပြောတဲ့ SGS ဆိုလို့ ရှိရင် third party အနေနဲ့ ဆိုလို့ရှိရင် ၆ လ တစ်ကြိမ် external Audit လုပ်ရပါတယ်။ အဲတော့ စစ်ဆေးတွေ့ရှိကိုက သူတို့သည် မပြုပြင်မချင်း လုပ်ငန်းတွေကိုဆောင်ရွက်လို့မရပါဘူးဆိုတာကို ကျွန်တော်တင်ပြလိုပါတယ်။ လက်ပံတောင်း တောင် ပတ်ဝန်းကျင်ထမ်းသိန်းရေးနဲ့ပတ်သတ်ပီးဆောင်ရွက်တဲ့နေရာမှာ environmental Impact နဲ့ပတ်သက်တာကို ရေးဆွဲဖို့အတွက်ကို ဩစတေးလျနိုင်ငံက ကုမ္မဏီနှစ်ခုနဲ့ servay
လုပ်ထားပါတယ်။ ဒီအစီရင်ခံစာဟာ လာမယ့် ၂၀၁၃ ခုနှစ် မတ်လမှာ ရရှိမှာဖြစ်ကြောင်းကိုလဲ ထည့်ပြောချင်ပါသေးတယ်။ ဒါ့ကြောင့် ဒီနေရာကနေဖြတ်ကြည့်လိုက်မယ်ဆိုရင် ဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာ
သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်ခြင်း၊ ISO လက်မှတ်သုံးမျိုးရရှိထားခြင်း၊ ဆက်လက်ရရှိရေးဆောင်ရွက်ရန် အစီအစဉ်ရှိခြင်း၊ လေထုအတွင်းအက်ဆစ်မှုန့်ပါဝင်မှု၊ မြေပေါ်မြေအောက် ရေနမူနာများ စစ်ဆေးမှုများ မှတ်တမ်းတင်ထားရှိခြင်း၊ စီမံကိန်းပတ်ဝန်းကျင်
အနီးတစ်ဝိုက်ရှိ သစ်ပင် များ၊ ပန်းပင်များ၊ စိုက်ခင်းများ၊ ကျေးငှက်များသည် ကောင်းစွာရှင်သန်လျက်ရှိသည်ကို ထောက်ရှုပီးတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လွန်စွာနည်းပါးပြီး သတ်မှတ်စံချိန်စံညွှန်း ဘောင်အတွင်းရှိတဲ့စီမံကိန်းတစ်ခုလို့ ယူဆနိုင်ပါတယ်။ ဒါကိုမသိချင်ယောင်ဆောင်နေလို့မရဘူး။ (လည်ကြစမ်းပါပြည်သူတို့ရာ)

နောက်ပီး အဲဒီမှာက တစ်နိုင်တစ်ပိုင် ကြေးနီချက်နေတာတွေ တောက်လျှောက်အများကြီးရှိပါတယ်။ အဲတော့ အဲလို တစ်နိုင်တစ်ပိုင်ချက်လုပ်တာတွေက တစ်ကယ်ဆိုရင် ပိုပီးတော့တောင်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ သူတို့ရဲ့လုပ်ငန်းစဉ်တွေကသဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်မှု ဘယ်လောက်ရှိသလဲ ဆိုတာ တိုင်းထွာပေးမဲ့လူမရှိဘူး၊ သူတို့ရဲ့ စွန့်ပစ်မှုတွေကကော ဘယ်လောက်စနစ်ကျလဲ၊ ကြေးနီအရည်အသွေးကော၊ တစ်နိုင်တစ်ပိုင်လုပ်တာ ဘယ်လောက်အထိသန့်စင်မှုရမှာလဲ၊ လုပ်ငန်းစဉ်တွေဘယ်လောက်စနစ်ကျမှာလဲ။ ရိုးရိုးလေးပါဗျာ။ (လည်ကြစမ်းပါ ပြည်သူတို့ရာ)


နောက် တစ်ချက်အနေနဲ့ နိုင်ငံရေးဆိုင်ရာ ဆန်းစစ်ချက်ကို ပြောချင်တယ် ။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ ထာဝရမိတ်ဆွေဆိုတာ လည်း မရှိဘူး။ ထာဝရရန်သူဆိုတာလည်း မရှိဘူး။ သက်ဆိုင်ရာ နိုင်ငံရဲ့ အကျိုးစီးပွားပဲ ရှိတယ်။ ဒါကြောင့်မို့ကျွန်တော့တို့လက်ခံနားလည်ရမှာက ဒီစီမံကိန်းသည် တရုတ်နိုင်ငံအကျိုးစီးပွားလည်း မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ ကျွန်တော်တို့ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက်ကိုပဲ
ကျွန်တော် ဦးတည်ပြီးတော့ ကျွန်တော်တင်ပြတာဖြစ်ပါတယ်။ အခုလက်ရှိ လက်ပံတောင်းတောင်မှ ၉၉၇ သန်း(ဒေါ်လာ ၂၁၀ သန်း) ရင်းနှီးမြှုပ်နှံပီးသွားပီ။ တစ်ကယ်လို့ ရပ်တန့်ပစ်လိုက်မယ်ဆိုရင် ပြန်ပေးရမဲ့လျော်ကြေးမပါသေးဘူး အဲဒါတွေကအရင်ရှုံးနှင့်နေပီ။နောက်ပီး ကျွန်တော်တို့ ရေရှည်နိုင်ငံရေးအမြင်နဲ့ အမျှော်အမြင်ရှိရှိ လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါပျက်သွားရင် အရင်ဆုံး တရုပ်နဲ့ ချစ်ကြည်ရင်းနှီးမှုပျက်သွားမယ်။ နောက် စီးပွားရေးဆိုင်ရာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် ဒေါ်စုပြောသလိုပဲကတိမတည်သလိုတွေဖြစ်မယ်။ အဲဒီနောက်ပိုင်းအကျိုးဆက်ကအရှည်ကြီး။ FDI တွေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ကျွန်တော်တို့နိုင်ငံအနေနဲ့ ကန့်သတ်ချက်တွေရှိသွားနိုင်ပါတယ်။ နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာပေါ့။ အဲဒါကတော့ ကျွန်တော်တို့
ဘယ်စနစ်နဲ့သွားသွားပါ။ ဆိုလိုချင်တာက ဆိုရှယ်လစ်စနစ်နဲ့ဖြစ်စေ။ ဒီမိုကရေစီစနစ်နဲ့ဖြစ်စေ။ ဘယ်စနစ်နဲ့ဘယ်သွားသွား အရေးကြီးတာက ဥပဒေကို လိုက်နာဖို့ပဲ။ နိုင်ငံတော်ကော၊ ပြည်သူကော၊ အစိုးရကော၊ ဥပဒေကို လိုက်နာရမယ်။ ဥပဒေကို မလိုက်နာပဲနဲ့
ဒီအချက်က မှန်သလား၊ မှန်တယ်ဆိုရင် မှန်တဲ့ဘက်ကနေ ရပ်တည်ဖို့ဟာ မျှတတဲ့စိတ်ဓါတ်ပဲဖြစ်ပါတယ်။ မှန်နေမှန်းသိရက်နဲ့ တခြားအသွေးအရောင်တွေ ၊ ကာလာ တွေ သုတ်လိမ်းထားပီး မှန်တဲ့ဘက်က မရပ်တည်ရင် သမာသမတ်မရှိတာပဲ ဖြစ်တယ်လို့
ကျွန်တော့အနေနဲ့ကတော့ ယူဆပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အများညီရင် ဤ ကျွဲဖတ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ ဒီမိုကရေစီကျင့်စဉ်တွေမဟုတ်ပဲ တခြားသော အများဆန္ဒနဲ့ မိုနိုကရေစီကျင့်စဉ် မဖြစ်ထွန်းအောင် သတိထားဆောင်ရွက်ကြစေချင်ပါတယ်။ ဦးဝေလွင်ပြောသွားတဲ့ဥပမာလေး အရမ်းကောင်းလို့ပြောပြချင်ပါတယ်။ သားသမီးနဲ့မိဘ ဆက်ဆံရေးလေးပါ။ မိဘတိုင်းက သားသမီးပူဆာတိုင်း အမြဲလိုက်လျောလို့မရပါဘူး။ သားသမီးဘ၀ကောင်းမွန်ဖို့အတွက် သားသမီးမကြိုက်ပေမဲ့ သားသမီးရဲ့ဘွလမ်းမှန်ရောက်ဖို့အတွက် ဆောင်ရွက်ပေးရပါတယ်တဲ့။ ကဲ့။ ဒီလောက်ဆိုရင် ကောင်ကို မြင်လောက်ကြမှာပေါ့။

ဒီအခြေအနေမှာ ဆင်ခြင်တုံတရားအင်မတန်နည်းပါးတဲ့ အုပ်စုတွေကို တွေ့မြင်နေပါတယ်။ လက်ရှိအစိုးရရဲ့ ကိုင်တွယ်မှု ကြမ်းသွားတာကို ရှိသမျှအညှိုးမယ်တွေ အမျိုးနွယ်တွေ အကုန်ဖွဲ့ပီး အသက်တောင်မရှူပဲ ဖန်ဝေ နေကြပါတယ်။ ဒီလိုပြောလိုက်တာ ဦးသိန်းစိန်ကိုချစ်လွန်းလို့ ပြောနေတာမဟုတ်ပါဘူး။ ဦးသိန်းစိန်နှုတ်ထွက်ရမှာစိုးလို့ပြောနေတာလဲမဟုတ်ပါဘူး။ မရောင်ရာဆီလူး၊ တစ်စိပ်ကိုတစ်အိပ်လုပ်ပီး လိုရာဘူတာကို မဆိုက် ဆိုက်ရလေအောင် လှုံ့ဆော် မောင်းတိုက်သွားနေကြသူတွေကိုပြောတာပါ။ သံဃာတော်တွေလဲကိုယ်သွားနေတဲ့ခရီး ဘယ်ကိုဦးတည်နေတယ်ဆိုတာ သိမှသိပါလေစ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာထုကိုပါ ၀ိုင်းဝန်းရှုံ့ချမှုတွေလုပ်ပီး ထိရောက်တဲ့တုန့်ပြန်မှုတွေ ပြုလုပ်သွားဖို့ စီစင်နေတဲ့ သံဃာတော်တောင်ရှိပါတယ်(ဦးဝီရသူ) ။ ဦးဝီရသူကိုလဲပြောချင်ပါတယ်။
အရှင်ဘုရား လမ်းလွဲနေပါပီဘုရား။ ကျွန်တော် အထက်ပါအကြောင်းအရာတွေကို ပြောခဲ့တာက ပြည်သူတွေအတွက်ပဲဖြစ်ပါတယ်။ ဒီစီမံကိန်းသည် ပြည်သူအတွက် အမှန်တစ်ကယ်အကျိုးရှိတဲ့ စီမံကိန်းပါ။ ရပ်တန့်ပစ်လိုက်မယ်ဆို အင်မတန်မှ နှမျောစရာကောင်းပါတယ်။

အဲတော့ စာလဲအရမ်းရှည်နေလို့ တစ်ကြောင်းလောက်နဲ့ပဲနိဂုံးချုပ်ခွင့်ပြုပါ။ အခုကိစ္စက အစိုးတစ်ယောက်တစ်လဲ သူနိုင်ကိုယ်နိုင်ပြိုင်နေတာမဟုတ်ပါ....
ပြိုင်ပွဲတစ်ခုလိုဘေးကနေထိုင်ကြည့်ပီးအားပေးအားမြှောက်ပြုနေသူများဖြစ်တဲ့အတွက် အလွန်းစိတ်မကောင်းဖြစ်မိပါတယ်။
ပြည်သူများ ခင်ဗျား လက်ပံတောင်းတောင် ကိစ္စနှင့်ပတ်သတ်၍ သူသူကိုယ်ကိုယ် သူရောကိုယ်ကော ခင်ဗျာရောကျွန်တော်ရော...မည်သူမျှစိတ်မကောင်းပါ... အသိရှိစေချင်ပါတယ်... အာပေါက်အောင်ပြော... အံကြီးကြွတ်ထွက်သွားအောင်ပြော...လက်မညောင်းသရွေ့ရိုက်... ဒါပေမဲ့ အသိတော့ရှိစေချင်ပါတယ်... ပြသနာရဲ့ အပြင်ဘက်ကိုထွက်ပါ...ပြသနာကိုအပေါ်စီးကရေ ကြည့်ပါ... မြင်ကွင်းတွေက ရှင်းလင်းနေပါလိမ့်မယ်... မြှောက်စကား/ခြောက်စကား/ တို့စကား/ ထောင်စကားတွေကို မယုံပါနဲ့။ အဲဒါတွေကမှ အက်စစ် အစစ်တွေပါ။ ရဲတွေပစ်လိုက်တဲ့ မီးခိုးဗုံးဆိုတာထက်ပိုပီးတော့ကြောက်ဖို့ကောင်းသလို။ ပိုပီးတော့လဲ နိုင်ငံတော်ကြီး စုတ်ပြတ်သတ်သွားပါလိမ့်မယ်။ ထပ်ပြောချင်ပါတယ်။ လည်ကြစမ်းပါ ပြည်သူတွေရာ။
Like · ·
  • Chaw Htet Myat likes this.
  • Chaw Htet Myat ပို့ စ်ပိုင်ရှင်က ခရက်ဒစ်မပေးပါနဲ့ ဆိုလို့ အမည်မဖေါ်ပဲရှယ်ထားရတာ ကျမကို အရမ်းအထင်ကြီးတာလား ခစ်ခစ်
  • Chaw Htet Myat လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးထားတဲ့ ကောက်နှုတ်ချက်ပါ။
  • U Kyaw Win ကျမ်းစာတစေါင်လိုပါဘဲ ရေးထားတာတော့ ကောင်းပါတယ်
    နန်းတော်ကြီးမီးလောင်နေတာ ခြုံပုတ်တွေလိုက်ရိုက်ဆိုတဲ့လူတွေကများနေတော့ခက်တယ်
    ပြည်တွင်းကပြသနာ
    ...See More
  • Chaw Htet Myat ကျမရေးတာမဟုတ်ပါဘူးဆိုနေမှ။ စာပဲစုနေတာ သိပ်အထင်ကြီးတာပဲနော်
  • Chaw Htet Myat https://www.facebook.com/chaw.h.myat/posts/10205436223003841?notif_t=like
    ဒါနဲ့မုံရွာဇာတိတယောက်ပြောတဲ့နောက်ဆုံးသတင်း။ အိုင်ဗင်ဟို လက်ထက်ကထဲက ရွာသားတွေရွာတွေကို လျော်ကြေးပေးပြီးသားတဲ့။
    ကဲ ဟန်ဝင်းအောင်ကို ဖမ်းသင့်ပြီ။ Min Nay Myo Kyaw Thura
  • Chaw Htet Myat စုံအောင်ဖတ်ချင် အကုန်သွားဖတ် ဘာမှမကျန်စေနဲ့ 
  • Chaw Htet Myat အဓိက က ISO ပြသနာမဟုတ်ဘူး။ CSR ပြသနာပါ။ ကွန်မန့် တွေ အကုန်ဖတ်ပါ
  • U Kyaw Win ခုတ်တာတခြား ရှတာတလွဲ မဖတ်ချင်ပါ နံမည်မဖေါ်တော့လက်သီးပုံးထိုးတာပေါ့
    ကြောက်ပါတယ် bye bye
  • Chaw Htet Myat ကျမရေးထားတာမဟုတ်ဘူးလို့ ပြောပြနေတာလေ။ ISO နဲ့ CSR တောင်ခွဲမသိပဲ ကစ်နေတာ အံ့စ၇ာပါလား။
  • U Kyaw Win Sorry ပါ မကစ်ပါဘူး ရေးတဲ့သူကိုသာ ရည်ညွှန်းတာပါ
    ISO ကလဲ ညွှန်းထားလို့ပါ CSRကို မသိတာအမှန်ဘဲ ဒေါပွမှာစိုးလို့
    မမေးတော့ပါ

    ကျနော်တို့ အရေးမကြီးပါ လယ်သိမ်းခံ သေနပ်ပစ်ခံရတဲ့သူတွေနားလည်
    ရင်ဝမ်းသာတယ်လို့
    သေခြာပြန်ဖတ်ပါအုံးမယ်
    စိတ်မဆိုးပါနဲ့
    22 hrs · Unlike · 1
  • Hla Myaing

No comments:

Post a Comment