Monday, September 22, 2014

ဦးစော၏ ဂဠုန်ဦးစော

ဦးစော၏ ဂဠုန်ဦးစော
ယနေ့စာအုပ်ဆိုင်တွင်၊သခင်စိုး၏သခင်စိုး၊ဦးဘညိမ်၏ဦးဘညိမ်၊သခင်ဖေဋ္ဌေး၏
သခင်ဖေဋ္ဌေး၊လေထီးဦးအုန်မောင်အမှတ်တရ၊အောင်ဗလ၏ဗိုလ်နေဝင်းဇာတ်လမ်း
ရှုပ်သမျှ၊ဒေါက်တာမောင်မောင်၏မြန်မာ့
နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း......
စသောအထုပ္ပတ်တိစာအုပ်များတစုတ
ဝေးတွေ့မိရာမှအတွေးတစဝင်မိသည်။
ပုဂ္ဂိုလ်တစ်ဦးတယောက်အကြောင်းအ
မှန်အကန်ကိုငုင်း၏အထုပ္ပတ္တိစာအုပ်များ
မှသိနိုင်ပါမည်လော???
သခင်စိုး၏သခင်စိုး၊ဦးနု၏တာတေစနေသားကဲ့သို့ကိုယ်တိုင်ရေးအထုပ္ပတ္တိစာအုပ်များတွင်မိမိ၏ဆိုးသွမ်းမှု့မျာကိုဖေါ်ပြ
ရေးသားကေါင်းရေးသားမည်ဖြစ်သော်
လည်းမိမိ၏ယုတ်မာမှု့များကိုမူထည့်သွင်း
ရေးသားမည်မထင်။
အခြားသူ( များ )မှပြုစုသောအ
ထုပ္ပတ္တိများတွင်လည်းပြုစုသူ၏အမြင်နှင့်
ခောတ်အခြေအနေကိုလိုက်၍ကွဲပြား
ကွာခြားနိုင်ပေသည်။ဗိုလ်နေဝင်းတစ်ဦးတည်းသည်ပင်လျှင်ပြုစုသူတစ်ဦးအမြင်၌ပြစ်မျိုးမှဲ့မထင်သည့်တိုင်းပြည်ခေါင်း
ဆောင်တစ်ဦးဖြစ်နိုင်သကဲ့သို့အခြား
တစ်ဥွှီးအမြင်၌တိုင်းပြည်ကိုဖျက်ဆီးသွား
သည့်အာဏာရူးသက်သက်သာဖြစ်နိုင်
ပေသည်။
ဦးစောအကြောင်းကိုအခြားသူများရေး
သည့်ဇာတ်ကွက်မှအကြိမ်ကြိမ်ဖတ်ခဲ့
ဘူးပြီးပါပြီ။ဦးစောပြောသည့်ဦးစောအ
ကြောင်းကိုလည်းသိလိုပါသည်။ကြိုး
တိုက်တွင်းမှဦးစောကမိသားစုထံပြန်ပေးသည့်ပစ္စည်းများတွင်စာမျက်နှာ၅၄မျက်
နှာရှိသည့်ဦးစော၏ကိုယ်တိုင်ရေးအထုပ္ပ
တ္တိလည်းပါဝင်ကြောင်းမှတ်သားခဲ့ဘူးပါ
သည်။
စာပေထုပ်ဝေခွင့်အလွန်လွတ်
လပ်ခွင့်ရနေသောကြားကါလလေး
တွင်.....ဦးစော၏ဂဠုန်ဦးစော....စာအုပ်
ကိုမျှော်လင့်နေပါသည်။့

No comments:

Post a Comment