Sunday, September 28, 2014

အမှတ်တရဝိုးတဝါးအရေးတော်ပုံများ

အမှတ်တရဝိုးတဝါးအရေးတော်ပုံများ
ကန့်ကေါ်ရိပ်တွင်( ၇ )နှစ်တာပျော်မွေ့
စဉ်ကျေိာင်းသားထု၏မဆလအစိုးရကိုအံ
တုတော်လှန်သည့်အရေးတော်ပုံများကိုကိုယ်တွေ့ကြုံခဲ့ပါသည်။
အလံကိုင်၊မိုက်ကိုင်မဟုတ်ဘဲအ
လံတော်နောက်ကျောင်းသားထုအတွင်းမှကျောင်းသားတစ်ဦး၏အတွေ့အကြုံမျှသာဖြစ်၍အဝေးမြင်အမှတ်တရဝိုးတဝါးအရေးတော်ပုံများဟုသာပြောနိုင်ပါသည်။
၁၉၆၂ ဇူလိုင်လတွင်းသွေးမြေကျခဲ့သည့်
ကျောင်းသားတို့၏သွေးညှီနံ့ကျောင်းဝင်းအတွင်းကေါင်းကေါင်းမပျောက်သေး
သည့်ကါလအစိုးရကကျွန်းဆွယ်အားကစားပြိုင်ပွဲ၏ဂျူဒိုပြိုင်ပွဲကိုဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရန်စီစဉ်ခဲ့သည်။မူလကပင်
ကျောင်းသားထုအားသတ်ဖြတ်ခဲ့သဖြင့်
အစိုးရအားမုန်းတီးနေသည့်ကျောင်း
သားထုမှာမိမိတို့၏သမဂ္ဂကိုဖြိုဖျက်ရုံ
မကမိမိတို့အလေးအမြတ်ထားရာ
ဘွဲ့နှင်းသဘငခန်းမကိုပါထပ်မံစော်ကါး
လာသည့်အခါ
ကျောင်းသားများဘွဲ့နှင်းသဘင်ခန်းမ
တွင်းမှဂျူဒိုမက်ဖျာများကိုအပြင်သယ်
ထုတ်၍မီးရှို့ကြသည်။ခန်းမတွင်းနံရံပေါ်မှမမြင်လိုသည့်ဓါတ်ပုံအားအောက်မှကုလားထိုင်နှင့်ပစ်ပေါက်ဖျက်ဆီးကြသည်။
ကျောင်းဝင်းအတွင်းစုရုံးမိသောကျောင်း
များထံဒေါက်တာညီညီရောက်လာသော်လည်းအနီးဆုးံကျောင်းသားအနည်းငယ်
်အားစကါးအနည်းငယ်ပြောသည်မှအပ
ထူးခြားမှု့မရှိ။ကျောင်းသားထုအလံထူပြီးမြို့တွင်းထွက်ရန်ပြင်ဆင်ကြသည်။
ကုက္ကိုင်းတက္ကသိုလ်ရိပ်သာလမ်းဘက်မှ
ထွက်လိုသူနှင့်ပြည်လမ်းဘက်မှထွက်လိုသူအုပ်စုနှစ်စုကွဲပြီးအငြင်းပွားရာထိုးကျိတ်မတတ်ဖြစ်ကြသည်။နောက်ဆုံးပြည်လမ်းဘက်မှမြို့တွင်းထွက်ဖြစ်သည်။
ကျောင်းဝင်းအတွင်းလှည့်လည်စဉ်ဘား
အံမှဘူမိဗေဒကျောင်းသားတဦးဓါတ်ပုံရိုက်သဖြင့်ကင်မရာအားဖျက်ဆီးလိုက်ကြသည်။ငုင်းကျောင်းသားအားရန်မပြုစေရန်အဆောင်နေကျောင်းသားများကအ
ဆောင်တွင်းဆွဲသွင်းထားလိုက်သည်။
ကျောင်းသားထုအလံထူပြီးပြည်လမ်းအ
တိုင်းမြို့ထဲထွက်လာရာ၁၉၆၂ နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်၍တွေ့
မြင်သူများအံ့အားသင့်ကကြည့်ရှု့သည်မှတပါးပူးပေါင်းပဝင်ခြင်းမရှိခဲ့ပေ။မြန်မာအသံအသံလွှင့်ရုံအလွန်တွင်ရှေ့မှစစ်တပ်ချပိတ်ဆို့ထားပြီနောက်မှစစ်တပ်ပိတ်ဆို့ချီတက်၍ကျောင်းသားထုအားဖြိုခွဲံခဲ့သည်။
ဇာတ်ပေါင်းသော်ကျေင်းပိတ်လိုက်ပြီးကျောင်းသားမျာားကျောင်းထုတ်ခံရသည။်အရေးတော်ပုံတွင်ကျောင်းသူများမပါဝင်သေးဘဲကျောင်းထုတ်ခံရသအများစုမှာအရေးတော်ပုံတွင်မပါဝင်မပါတ်သက်ခဲ့သောတရုပ်လူမျိုးကျောင်းသားများဖြစ်သည်ူ
မှတ်မိသလောက်မှာ်

No comments:

Post a Comment