Friday, September 19, 2014

Yangon Life Myanmar

Yangon Life Myanmar added 2 new photos.
သင့်မိဘတွေ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် မိမိကိုယ်ကို ဆန်းစစ်သင့်တဲ့ မေးခွန်း(၅)ချက်
သင်လည်း တစ်နေ့ မိဘဖြစ်လာဦးမှာပါ။
(၁) သင့်အလုပ်၊ သင့်မိသားစုအရေးကြိုးပမ်းနေချိန်မှာ သင့်ရဲ့မိဘတွေစိတ်ထဲ ဘာတွေ တွေးနေမလဲ၊ သူတို့မျက်ဝန်းလေးတွေက ဘာကိုမျှော်လင့်တောင့်တ နေမလဲဆိုတာ သေချာပြန်ကြည့်မိပါသလား ?
(၂) တစ်နေ့ပြီးတစ်နေ့ သင့်မိဘတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းပြောင်းလဲလာမှုကို သတိထားပြီး ဂရုတစိုက်ကြည့်မိပါသလား ?
(၃) အသက်တွေကြီးလာလေ၊ အိုမင်းမစွမ်းဖြစ်လာလေ၊ ရောဂါရလာလေ သူတို့မျက်ဝန်းလေးတွေမှာ အားငယ်မှုလေးတွေ၊ စိုးရိမ်မှုလေးတွေ တစ်စတစ်စပိုထင်ဟပ်လာတာ သတိထားကြည့်မိပါရဲ့လား ???
(၄) သင့်မိဘတွေ လိုအပ်တာ သားသမီးတွေရဲ့နွေးထွေးမှု၊ ဂရုစိုက်မှု၊ အေးချမ်းတဲ့မေတ္တာတွေဆိုတာကော သင်သတိမပြုမိဘဲ အမှုမဲ့၊ အမှတ်မဲ့ နေနေခဲ့မိသလား ?
(၅) အခုမေ့နေမိတာ ပြန်အမှတ်ရသွားပြီဆိုရင်၊ အမေ- အဖေတို့လည်း သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် အချိန်မီသေးပါတယ်။ မိဘ မရှိတော့တဲ့အချိန်မှ မျက်ရည်ကျလည်း အလဟဿ ပါပဲ။
သင့်မိဘသက်ရှိထင်ရှားရှိနေတုန်း သင်လုပ်ပေးနိုင်တဲ့စိတ်အား၊ လူအား၊ ငွေအားအကုန်လုံးနဲ့ မိဘကိုဂရုစိုက်ပေးလိုက်ပါ။ သင်လုပ်တမျှ သင့်ဆီပဲ့တင်ထပ်လာပါလိမ်မယ်…..
သင်လည်းအသက်တွေကြီးလာပြီး သူတို့လိုအရွယ်ရောက်လာတဲ့အခါ ဒီလိုမျက်ဝန်းတွေနဲ့ပဲ သင့်သားသမီးလေးတွေဆီက မေတ္တာကိုသင်မျှော်လင့်မိနေမှာပါ........
စိတ်ရှည်ပါ… ကိုယ်ချင်းစာပါ…
‪#‎yangonlife‬ ‪#‎lifestyle‬
Credit to - နှိုင်းရင့်နွေ
စုစည်းတင်ပြသူ - Lily

No comments:

Post a Comment