Wednesday, September 24, 2014

သခင်စိုး၊ဦးနု၊ဗကပဗိုလ်သက်ထွန်း၊ဦးဗ ဆွေ....နှင့်ဗိုလ်နေဝင်း*** ဦးသိန်းစိန်နှင့်အနုပညာရှင်များ***

သခင်စိုး၊ဦးနု၊ဗကပဗိုလ်သက်ထွန်း၊ဦးဗ
ဆွေ....နှင့်ဗိုလ်နေဝင်း***
ဦးသိန်းစိန်နှင့်အနုပညာရှင်များ***
သမတဦးသိန်းစိန်နှင့်အနုပညာရှင်
များတွေ့ဆုံပွဲကိုကြည့်ရစဉ်ကမော်ကွန်း
ရုပ်ရှင်ခောတ်ဦးနေဝင်းနှင့်နိုင်ငံရေးသမားများတွေ့ဆုံပွဲမော်ကွန်းရုပ်ရှင်ကိုပြန်လည်အမှတ်ရမိပါသည်။ထိုစဉ်ကဦးနေဝင်းသည်သခင်စိုးနှင့်ဦးနုအပါအဝင်လုပ်ဖေါ်ကိုင်ဖက်နိုင်ငံရေးသမားများကိုဖိတ်ခေါ်
တွေ့ဆုံခဲ့ရာလက်ဆွဲနှုပ်ဆက်စဉ်ဗိုလ်
သက်ထွန်းနှင့်ဦးဗဆွေ(?)နှစ်ဦးသာသိက္ခာရှိရှိတန်းတူရည်တူလက်ဆွဲနှုပ်ဆက်ပြီးအခြားသူများမှာပလူးပလဲနိုင်သည်ဟု
ထင်မြင်မိပါသည်။(ဤသည်မှာကျွန်တော်၏အထင်အမြင်သာဖြစ်ပါသည်)။
ဦးသိန်းစိန်နှင့်အနုပညာရှင်များတွေ့ဆုံပွဲကိုအများသိကြပြီးပြီမို့မည်သူကမည်သို့ဟုထပ်မံမပြောလိုတော့ပါ။
ကျွန်တော့အမြင်တွင်မူကိုယ့်တာဝန်ကိုယ်ကျေပွန်သူတိုင်းကိုယ်ပိုင်တန်ဘိုးကိုယ်
စီရှိကြပါသည်။အပြန်အလှန်လေးစားမှုရိရန်လိုအပ်သော်လည်းတဘက်သတ်အောက်ကျို့ဆက်ဆံရန်မလိုဟုထင်ပါသည်။
ထိုသို့သောသူများမှာအတွင်းစိတ်ဓါတ်၌
ကိုယ့်တန်ဘိုးကိုအလေးမထားဘဲကျွန်
စိတ်ရှိသူများဖြစ်ဟန်တူပါသည်။
လူထုဦးစိန်ဝင်းကဒေါက်တာသန်းထွန်း
အားလေးစားတန်ဘိုးထားသည့်တန်ဘိုးတခုမှာဆရာသန်းထွန်း၏ပညာရှင်စိတ်ဓါတ်နှင့်ပညာရှင်မာနပင်ဖြစ်ပါသည်။ပညာရှင်တိုင်းပညာရှင်မာနမရှိပါ။အချို့သောပညာရှင်များမှာငွေရှင်ကြေးရှင်အာဏာရှင်တို့ကကြောမသပ်ခင်အမြီးနှံ့ခြင်နေ ကြသည်။
ပညာရှင်တိုင်းပညာတန်ဘိုးထားပြီးပညာရှင်မာနရှိနိုင်ကြပါစေ။။ု

No comments:

Post a Comment