Sunday, January 11, 2015

မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ.......ငြိမ်းလဲ့

မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ
မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ ကိုလေ့လာကြည့်သော အခါ မိသားစုခြင်း ရိုသေလေးစားမှု့၊ချစ်ခင်ကြင်နာမှု့ကို အခြေတည် ကာ ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း တွေ့ရပါသည်။
အရွယ်အကြီးအငယ်ကို လိုက်ပြီး ....
မိကြီး ၊ မိထွေး ၊ ဘကြီး ၊ ဘထွေး၊... ဟူ ၍ လည်းကောင်း...
မေတ္တာကို အခြေခံပြီး.....
ဖိုး ၊ ဖွား ၊ သား ၊ သမီး ၊ ခင် ပွန်း ၊
ခမည်း ၊ ခဲအို ၊ ခယ်မ ၊ ........
စသဖြင့် ခေါ်ဝေါ် သုံးစွဲလေ့ ရှိကြပါသည်။
ဖိုး ၊ ဖွား ၊ တို့၏အထက်..ဆွေမျိုးဆက်များအား အတိတ်တွင် ကျန်ခဲ့ ဝေးခဲ့ သည့် သဘောဖြင့်..
ဘေး ၊ ဘီ ၊ ဘင် ၊ ဟူ ၍ လည်းကောင်း.........
သား ၊ သမီး မှ အောက်အဖို့ကား သံယောဇဉ် အရင်းအမြစ် တွယ်တာသည့် သဘော၊မြှေးကပ်တွယ်သည့် သဘောဖြင့် ....
မြေး ၊ မြစ် ၊ တီ ၊ တွတ် ၊ကျွတ် ၊ မျှော့(ဆတ်) ၊ ဟူ ၍ လည်းကောင်း ..ခေါ်ဝေါ် အသုံးပြုခဲ့ပါသည်။
မင်းကြီး မဟာသီရိဇေယျသူ ၁၂၂၇ ခုနှစ်တွင် ရေးသားခဲ့သော က၀ိလက္ခ ဏာဒီပနီကျမ်းတွင်..
မိမိအထက်..ဆွေမျိုး ခုနှစ်ဆက် ကို...
အဖအဖိုး အဘေးအဘီအဘဲးအဘောအဘွေး ...
ဟူ ၍ လည်းကောင်း ...........
မိမိအောက် ဆွေမျိုး ခုနှစ်ဆက်ကို......
သားမြေးမြစ်တီတွတ်ကျွတ်မျှော့ ........ ဟူ ၍ လည်းကောင်း ....ဖေါ်ပြထားပါသည်။..........................
အမိ ၊ အမေ = မိမိကို မွေးသောကျေးဇူးရှင်................=
တိုက်ရိုက် သွေး သား တော်စပ်ခြင်း
( နှာသံ ဖြင့် ရွတ်ရသော နူတ်ခမ်းဗျည်း ကို အနိမ့်သက် သံ အိ ဖြင့် ပေါင်းစပ်ထားခြင်း )
အဖ ၊ အဖေ = ချစ်ခင် အားကိုး ပြုလောက် သူ......
= အကြီး အကဲ အချုပ်
( နူတ်ခမ်းဌာန်ဖြစ် ရုန်းပွင့်ဗျည်း ပ ကို လေ သံတင်းဖြင့် ရွတ်ဖတ်ခြင်း မှ ဖ ဖြစ်လာသည် )
ဖိုး ၊ အဖိုး = ခေါင် ၊ အကြီး အမှုး = အဖိုးထိုက် အဖိုးတန်
အဖွား = အထူး ချစ်ခင်အပ်သူ
(လျှာနောက်ပိုင်းသရ ဖာ ကို အပွင့်သရ မှ လျှာ အမြင့်ဆုံး အူ သရ သို့ ရောက်အောင်ရွတ်ဆိုခြင်းဖြင့် ဖွာ သရ ဖြစ်ပြီး အမြင့်သက်သံ ဖြင့် ပြန်ရွတ်သောအခါ ဖွား ဖြစ်လာသည်)
သား = အသွေးအသား ၊ ငယ် ရွယ်သူ
သမီး = ရင်သွေး ၊ မိန်းကလေး.....
(သား + မိ မှ လာသည်)
မြေး = ရှက်တွယ် ၊ မြှေးကပ် သူ
မြစ် = အမြစ်တွယ် သည့် သဘော
တီ...တွတ်....မျှော့....
=မပြုတ်အောင် တွယ်ကပ်သည့်သဘော
.......................................................
မိခင် နှင့် တော်စပ်သူများ........
မိကြီး = အမိ ထက် ကြီးသူ ၊ အမိ နှင့် မခြား ချစ်အပ်သူ
ူ( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး အဖြစ်လည်း သုံးသည် )
မိထွေး =
အမိ ထက်ငယ်သူ ၊ အဖ ၏ နောက် ဇနီး
ကြီးတော် = အမိ နှင့် မခြား ကြီးမြတ်သူ
( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး ၊
အဖေ့ နှမ ၊ ဦးလေး ၏ ဇနီး အဖြစ်လည်း သုံးသည် )
ဒွေးဒေါ် ၊ဒွေးလေး ၊ဒွေးကြီး =ကြီးမြတ်သူ....
အမေ ၏ ညီမ ၊ အဖေ့ ညီ၏ ဇနီး
ဒေါ်ကြီး ၊ ဒေါ်လေး ၊ အဒေါ် = ကြီးမြတ်သူ.................အမေ ၏ အစ်မ ၊ အဖေ့ အစ်ကို ၏ ဇနီး
ဦးကြီး ၊ ဦးရီး ၊ ၀ရီး ၊ ဦးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ.............
အမိ ၏ အစ်ကိုကြီး ၊ အဖ ဘက်မှ အဒေါ်၏ ခင်ပွန်း.................................................................................
ဖခင် နှင့် တော်စပ် သူများ ........
ဘကြီး ၊ ဘထွေး =
အဖ နှင့် မခြား ချစ်အပ်သူပထွေး =
အမိ ၏ နောက်အိမ်ထောင်
အရီးကြီး ၊ အရီးလတ် ၊ အရီးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ......................
အဖေ ၏ နှမ အကြီး+ အလတ် + အငယ် ၊ အမေ့မောင် ဦးလေး၏ ဇနီး
ညီ ၊ ညီမ =
တမိသားစုချင်း ၊
မိမိ နှင့် ထပ်တူမျှ တွယ်တာအပ်သူ .......စွဲငြိ + ငြိတွယ် + ညီမျှ ခြင်း သဘော
နှမ = နှစ်သက်တွယ်တာ အပ်သော
တမိပေါက် သားချင်းများ အနက် ယောင်္ကျားလေးမှ မိမိအောက်ငယ်သော.မိန်းကလေး အား ခေါ်ခြင်း
နောင် ၊ နောင်ကြီး ၊ နောင်ငယ် =
ရှေ့ ကျသည့်သဘော ၊........
တမိပေါက် သားချင်းများ ညီ အစ်ကို များ အနက် အငယ်က အကြီးကို ခေါ်ခြင်း
မောင် ၊ မောင်ကြီး ၊ မောင်ငယ် = အင်အားကြီးမား ၊ အားကိုးအားထားတမိပေါက် သားချင်းများ အနက်
မိန်းကလေးမှ မိမိအောက်ငယ်သော ယောင်္ကျားလေး အား ခေါ်ခြင်း
အစ်ကို ၊ အစ်ညီ ၊ အစ်မ =
ပြည့်ပြည့် ၀၀ ၊ အားပြု လောက်သော
တမိပေါက် သားချင်းများ အနက် ငယ်ရွယ်သူ မှ မိမိ ထက် အကြီးများအား ခေါ်ခြင်း
ဝမ်းကွဲ ၊ တနို့ခြား =
ညီအစ်ကို + မောင်နှစ်မ အရင်းမှ မွေးဖွား လာသူများ........................................
လက်ထပ် ထိမ်းမြား ၍ တော်စပ်သူများ .ခမီး (ခမည်း) ၊ ခမက် =
ဖခင်ရင်း ကဲ့သို့ မြတ်နိုး ချစ်ခင်အပ်သူ ၊...သား သမီး နှင့် စပ်ကာ
ခင်မင်တွယ်တာရသူ
( လင်မယား နှစ်ယောက်၏ အမိ အဖ အချင်း ချင်း တော်စပ်ပုံ )
ခယ်မ =
နှမ အရင်းကဲ့သို့ တွယ်တာ အပ်သူ
(မယား ၏ ညီမ၊ ညီ ၏ မယား )
ခဲအို =
အစ်ကို အရင်းကဲ့သို့ တွယ်တာ အပ်သူ
( အမ ၏ ခင်ပွန်း ၊
လင် ယောင်္ကျား ၏ အစ်ကို )
ခင်ပွန်း ၊ ခင်ပွန်းမ =
ခင်မင် ချစ်ခင် ရင်းနှီး ကျွမ်းဝင်ရသူ
ဇနီး = အထူး နီးနီးကပ်ကပ် ရှိသူ
ချွေးမ =
အခြွေ အရံ ခြွေရွေ ၀န်းရံ =
သားဖြစ်သူ၏ ဇနီး
တူ ၊ တူမ =
တူညီ ၊ ထပ်တူ
(မိမိ ရင်သွေးနှင့် မခြား ချစ်ခင်အပ်သူ)
(မိမိ၏ အကို+အမ+ညီ+ညီမ မှ မွေးဖွားသူ )
မယား = စွဲယူ ၊ စွဲမြဲ
( စွဲမြဲ ထားသော မိန်းမ)
လင် = ပြည့်ပြည့် ၀၀ အားကိုးထိုက်သူ
မရီး = = ပွန်းပွန်းတီးတီး ကျွမ်းဝင်အပ်သော အမျိုးသမီး
(အကို ၏ ဇနီး ၊ မယား ၏ အမ )
မတ် = မယိမ်း မယိုင် ဖြောင့်မတ်သောသူ ( လင် ၏ ညီ ၊ ညီမ ၏ လင် )
ယောက္ခမ = ရစ်ပတ် ဖွဲ့ရှက် ခင်မင်ရသူ
( မယား+ လင် ၏ အမိအဖ )
ယောက်ဖ = ရစ်ပတ် ဖွဲ့နှောင် လာသူ
( မယား ၏ မောင် ၊ နှမ ၏ လင် )
ယောက်မ = ရစ်ပတ် ဖွဲ့နှောင် လာသူ
( လင် ၏ နှမ ၊ မောင် ၏ ဇနီး )
( ဆရာမ ဒေါ်မာလေး ၏ မြန်မာဆွေမျိုးစပ် ဝေါဟာရ များ....စာပေဗိမာန် ၁၉၇၇ မှကောက်နူတ်ချက်)
photo.facebook   ငြိမ်းလဲ့
Like · ·

No comments:

Post a Comment